myaelatt athan

Sharing Information to the Local

⁨ရိက္ခာရှာထွက်တဲ့ မုံရွာ နမခ က စစ်ကြောင်းတိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ(ရုပ်/သံ)

မုံရွာ၊ ဧပြီ ၂၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ ကထွက်လာတဲ့ အင်အား ၂၀ ပါစစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၂၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဧပြီ ၂၄ ရက်မနက် ၉ နာရီကျော်မှာ ခိုးသန်းရွာကို ရိက္ခာလာစုတဲ့အချိန် ခိုးသန်းရွာအဝင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြာချိန် မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦးသေကာ ၇ ဦးဒဏ်ရာရသွားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ့တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် မုံရွာအခြေစိုက် အမတ ၅၀၈ အမြောက်တပ်ကနေ လက်နက်ကြီးပစ်ကူပေးတာတွေ လုပ်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၅ ပကဖ၊ Tribal Force၊ Black Flacon၊ God Of Monywa၊Golden Eagle၊ Sun King Envoy၊ God of Snake ၊ယက္ခ ၊ မုံရွာခရိုင်တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။