myaelatt athan

Sharing Information to the Local

အုတ်ဖိုက လက်ပစ်ဗုံးဆောင်ထားတဲ့ရာအိမ်မှူး ပစ်သတ်ခံရ

0
0

အုတ်ဖို၊ ဧပြီ ၉၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အုတ်ဖိုမြို့၊ သရက်နှစ်ဖျားလိမ်အုပ်စု၊ ပေါင်းတည်စုရွာနေ အသက် ၄၅ နှစ်အရွယ် ရာအိမ်မှူး ကိုဖိုးဖြူဟာ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲမှာ ခမရ ၆ တပ်ကပြန်လာစဉ် ပေါင်းတည်စုရွာအနီး မြေအောက်ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

” တိမ်မြုတ် ခမရ ၆ နဲ့ ပေါင်းတည်စုရွာချင်းဆက်လမ်းမှာ သူနေတဲ့ရွာကို ဆိုင်ကယ်နဲ့ တယောက်တည်းပြန်လာတာကို သေနတ်နဲ့ပစ်တာ ပွဲချင်းပြီးသေတယ်။ ခေါင်းကိုတည့်တည့်မှန်တာ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ စစ်ရေးတာဝန်ခံဗိုလ်တောက်တဲ့က ပြောပါတယ်။

ဧပြီ ၉ ရက် ဒီမနက်အစောပိုင်းမှ အလောင်းကို ကျေးရွာသားတွေက လာသယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်ပြီးနောက် ကိုဖိုးဖြူဆီကနေ လက်ပစ်ဗုံး ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး နှင့် ငွေ ကျပ် ၆၇,၀၀၀ ကို သိမ်းယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကိုဖိုးဖြူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အချက်အလက်တွေကိုစုံစမ်းပြီး စစ်ကောင်စီဆီ သတင်းပေးတာ၊ စစ်ကောင်စီတပ်တွေကို ဧည့်ခံကျွေးမွေးတာ၊ ပြည်သူတွေကိုခြိမ်းခြောက်တာတွေလုပ်တာကြောင့် ခုလိုပစ်ခတ်တာလို့လည်းဆိုပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ ထောက်တိုင်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ၎င်းတို့အနီး သွားလာနေထိုင်တာတွေမပြုလုပ်ဖို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါသေးတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက် မနက် ၉ နာရီလောက်ကလည်း ခမရ ၆ က သရက်နှစ်ဖျားလိမ်အုပ်စု၊ ချောင်းခွ(ကေ)ရွာက စစ်ကောင်စီသတင်းပေးဆိုသူ ကိုအေးလွင်ကို မြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာသေဆုံးခဲ့ပါသေးတယ်။

ပုံစာ – ကိုဖိုးဖြူဆီက သိမ်းဆည်းရမိသည့်ပစ္စည်းများ။

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။