⁨⁩ ⁨စတားလင့်သိမ်းလို့ ပြည်သူ့နဲ့ စကားများခဲ့တဲ့ MDY- PDF ပြည့်သူဆက်ဆံရေးစခန်းမှူး စစ်တပ်ဘက်ပြောင်းသွား

0 0
0 0

တကောင်း၊ နိုဝင်ဘာ ၂၅၊ ၂၀၂၆။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မင်းရွာက အရပ်သားပိုင်တဲ့ အင်တာနက် စတားလင့်စက်သိမ်းတဲ့ကိစ္စနဲ့ အွန်လိုင်းပေါ်နာမည်ကြီးခဲ့တဲ့ MDY- PDF က ပြည်သူ့ဆက်ဆံရေး စခန်းမှူး စစ်တပ်ဘက် ဘက်ပြောင်းသွားခဲ့တယ်လို့ အခြေနေကိုသိတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်တပ်ဘက် ဘက်ပြောင်းသွားသူက MDY- PDF ပြည်သူ့ဆက်ဆံရေးစခန်းမှူး မြတ်ကြီးဆိုသူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဧပြီလက တကောင်းကနေတဆင့် စစ်တပ်ဘက်ကို ရဲဘော်ငပိန်နဲ့ အတူ ဘက်ပြောင်းသွားခဲ့တာလို့ ဆိုပါတယ်။

“စဥ့်ကူးကနေ MDY-PDF တွေ တကောင်းကို ​ပြန်ဆုတ်ပြီး သိမ်မကြာဘူး ပြေးသွားတာ။ လက်နက်တွေပါ မပါတော့ မသိကဘူး။ သူက ပြည်သူဆက်ဆံရေးဌာန စခန်းမှူး မလုပ်ခင်ကတော့ MDY-PDF လက်အောက် တပ်ရင်းတခုမှာ တပ်ရင်းမှူးလုပ်ခဲ့သေးတယ်”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မြတ်ကြီးဟာ အာဏာသိမ်းစစ်တပ်ထံ ဘက်ပြောင်းသွားပြီးနောက် တကောင်းနယ်အတွင်းမှလည်း စစ်ရေးပြင်းထန်နေချိန်ဖြစ်လို့ စစ်တပ်ရဲ့သိသာတဲ့ ထိုးစစ်ခံရတာမျိုးတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စခန်းမှူးမြတ်ကြီးဟာ MDY-PDF နဲ့ ပူးပေါင်းတပ်တွေ စဥ်းကူးမြို့ကို သိမ်းယူထားချိန် ၂၀၂၅ အောက်တိုဘာလ ၁၁ ရက်နေ့က မင်းရွာက အရပ်သားနေအိမ်တခုမှာ စတားလင့်စက်အသုံးပြုမှုကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ခဲ့ရာမှ ပြည်သူအပေါ်ခြိမ်းခြောက်ဖမ်းဆီးမယ်လို့ ပြောဆိုခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်ပေါ်ပျံနှံခဲ့ပြီးနောက် ပြည်သူတွေအကြား ပြင်းထန်တဲ့ ဝေဖန်မှုတွေလည်းခံခဲ့ရတာ ဖြစ်ပါတယ်။

မြတ်ကြီးတို့ စစ်တပ်ဘက် ဘက်ပြောင်းသွားပြီးနောက် ၂၀၂၆ မေလ ၂၃ ရက်နေ့ရက်စွဲနဲ့ MDY-DPF က ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့ရာမှာ MDY-PDF အထူးလှုပ်ရှားတပ်မထဲက ဒုနည်းဗျူဟာမှူးအဆင့်ရှိ ရဲဘော်တဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော် ၄ ဦး၊ ရဲဘော်အဆင့်ရှိ ၅ ဦး လက်နက်နဲ့ စစ်တပ်ထံ အညံ့ခံသွားတာကြောင့် အမည်ပျက်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာသော စစ်တပ်ထံ အညံ့ခံသွားတဲ့ သူတွေရဲအချက်အလက် ဓာတ်ပုံမှတ်တမ်း၊ ယူဆောင်သွားတဲ့ လက်နက်အရေအတွက်တွေကို ဖော်ပြထားတာမျိုးမရှိခဲ့ပါဘူး။

ဒေသကာကွယ်ရေးအဖွဲ့ဝင်အချို့ရဲ့ ပြောကြားချက်အရ မြတ်ကြီးဟာ စစ်တပ်ဘက်ကို ကူးပြောင်းသွားပြီးနောက် ၃ လခန့် စစ်တပ်ထဲမှာ နေခဲ့ရပြီးနောက် သူရဲ့နေရပ်ဖြစ်တဲ့ မန္တလေး၊ အောင်မြေသာဇံမြို့နယ်၊ မြောက်ပြင်ရပ်မှာ ပြန်လည်နေထိုင်နေတယ်လို့ သိရပါတယ်။

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။