⁩ ⁨PDF ရဲဘော် ၂ ဦး စနောက်ရာမှ ကျည်ထွက်ပြီး ၁ ဦးသေဆုံးလို့ နောက်တဦးပါ လိုက်သေဟုဆို

0 1
0 1

ပြည်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်ဗျူဟာ ၂၁ တပ်ရင်းရုံးမှာ ရဲဘော်နှစ်ဦး စနောက်ရာကနေ တဦးကျည်ထိမှန် သေဆုံးပြီး သေနတ်နဲ့ ပစ်ခတ်မိသူကိုယ်တိုင်လည်း သူကိုယ်သူ (—)သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်က ပြည်ခရိုင်ဗျူဟာ ၂၁ တပ်ရင်းရုံးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ရဲဘော်ဗလကြီးနဲ့ အသက် ၄၂ နှစ်အရွယ် ရဲဘော်လေပြေတို့နှစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

“အနီးကပ်ပစ်တဲ့သဘော ဗလကြီး မျက်လုံးကိုထိပြီး တခါတည်းသေသွားတာ။ ရဲဘော်လေပြေကလည်း ကြိုးချည်ထားတဲ့ကြားက (–)ချသွားတာလို့ ကြားတယ်။ ၂ ယောက်စလုံး ဗျူဟာရုံးက ရဲဘော်တွေ အရက်သောက်ပြီး မတော်တဆဖြစ်တာလို့လည်း ပြောတယ်။ တာဝန်ချိန်ဟုတ် မဟုတ်တော့ မသိဘူး။ ရဲဘော်တွေကို နောက်ရက်မှာပဲ သဂြိုလ်တယ်” လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်မိသူ ရဲဘော်လေပြေကို ဖမ်းဆီးကြိုးချည်ထားရာကနေ ကိုယ်တိုင် (–_)ရင်သွားတယ်ဆိုတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

အဲဒီညက ဗျူဟာမှူးအပါ ရဲဘော်အချို့အရက်သောက်စားတာတွေရှိသလို (–)ချတာကို ဗျူဟာမှူးကိုယ်တိုင်မြင်ပြီး တားဆီးတာမျိုးမရှိဘူးဆိုကာ သတင်းတွေထွက်နေတဲ့အတွက် သတင်းမှန်နဲ့ အသေးစိတ်အချက်အလက်တွေသိရဖို့ ဗျူဟာ ၂၁ လက်အောက်ခံ ပြည်ခရိုင်အတွင်း စစ်ရေးသတင်းအများစုကို ဖြေကြားလေ့ရှိတဲ့ ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဗျူဟာရဲ့ခွင့်ပြုချက်ကို တောင်းခံရအုံးမယ်လို့ ဆိုပါတယ်။

“ရဲဘော် ၂ ဦးသေဆုံးတဲ့ကိစ္စက ကျနော်နဲ့ မဆိုင်ဘူး။ ကျနော်တို့ တပ်ရင်းက မဟုတ်ဘူး။ သူတို့က ဗျူဟာက ဖြစ်တဲ့အတွက် ဗျူဟာရဲ့ ခွင့်ပြုချက်ရမှ ကျနော်က ပြောလို့ရမှာပါနော် ဗျူဟာရဲ့ ခွင့်ပြုချက်ကို ကျနော်တောင်းခံပါအုံးမယ်” လို့ ပြောပါတယ်။

ပြည့်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဒီနေ့တိုင်ထုတ်ပြန်တာမျိုး မရှိသေးသလို ဒေသခံတွေနဲ့ ပြည်သူကာကွယ်ရေးရဲဘော်တွေကလည်း ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးဖို့နဲ့ နောက်နောင်အခုလို ဖြစ်စဉ်မျိုးမဖြစ်ပွားဖို့ကို လိုလားနေတယ်လို့ သိရပါတယ်။

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။