⁨⁨ကျောက်ဆည်မှာ အရာခံဗိုလ်တဦး ဆိုင်ကယ်မှောက် သေဆုံး

0 1
0 1

ကျောက်ဆည်၊ ဇူလိုင် ၈၊ ၂၀၂၆။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ စျေးတန်းရပ်၊ ဒေါ်သိုက်ကြီးကွေ့မှာ အရာခံဗိုလ်တဦး ဆိုင်ကယ်မှောက်သေဆုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

သေဆုံးသူဟာ ကျောက်ဆည်မြို့ ပင်မခဲယမ်းမီးကျောက်တပ်က အသက် ၅၀ ကျော်အရွယ်ရှိ အရာခံဗိုလ်အောင်မင်းကြည် ဆိုသူဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့မနက် ၁ နာရီမှာ ဆိုင်ကယ်မှောက်သေဆုံးသွားတာလို့ဆိုပါတယ်။

“သူဟာသူ စလစ်ဖြစ်ပြီးမှောက်တာလား ဘယ်လိုဖြစ်ပြီး မှောက်တာလဲတော့ မသိရဘူး။ လမ်းသွားလမ်းလာတွေတွေ့ပြီး အကြောင်းကြားမှ သိရတာ။ ​ဖြစ်တဲ့နေရာမှာတင်သေဆုံးနေပြီ။”လို့ မြို့ခံတဦးကပြောပါတယ်။

ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဦးအောင်မင်းကြည်မှာ ဦးခေါင်းနဲ့မျက်နှာထိခိုက်ဒဏ်ရာ၊ ဇက်ကျိုးအခြေနေနဲ့နေရာမှာပင် သေဆုံးသွားပါတယ်။

သေဆုံးသူရဲ့အလောင်းကို မြို့ခံလူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ကျောက်ဆည်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီးနောက် မနက်ပိုင်းမှာပင် သက်ဆိုင်ရာတပ်က အလောင်းကိုလာယူသွားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – သေဆုံးသူ အရာခံဗိုလ်အောင်မင်းကြည်နဲ့ သက်သေခံကဒ်ပြား

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။