⁨ပေါ်တာဆွဲတဲ့ကိစ္စကို မကျေနပ်လို့ အုပ်ချူပ်ရေးမှူးကို ဓားနဲ့ခုတ်သတ်

0 1
0 1

အောင်လံ၊ ဇူလိုင် ၆၊ ၂၀၂၆။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ပြလို့တိုက်နယ်၊ ကွမ်းလောင်းကျေးရွာအဝင်အနားမှာ အုပ်ချူပ်ရေးမှူးတဦး ဓားခုတ်ခံရပြီးသေဆုံးခဲ့ကြောင်း အောင်လံမြို့နယ်ပကဖ တာဝန်ရှိသူထံက သိရပါတယ်။

ဓားနဲ့ခုတ်ခံရသူဟာ ကွမ်းလောင်းကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၇၀ အရွယ် ဦးအေးဟန်ဆိုသူဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့ နေ့လည်ပိုင်းက ကျေးရွာထဲကနေ ဆိုင်ကယ်နဲ့ထွက်လာရာ ရွာအဝင်အရောက်မှာ ဓားနဲ့ခုတ်ခံရတာလို့ဆိုပါတယ်။

“ခုတ်တဲ့သူနဲ့က ရန်ငြိုးရန်စရှိတယ်လို့ သိရတယ်။ အုပ်ကြီးက *(စစ်သား)နဲ့‌အတူသွားအတူလာ၊ ပေါ်တာဆွဲတာမှာ ပါခဲ့တာတွေလည်း ရှိတယ်။ ပေါ်တာဆွဲတာကို မကျေနပ်လို့ ခုတ်တာလို့လောလောဆယ် သိရသေးတယ်”လို့ အောင်လံမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

သူကိုဓားနဲ့ခုတ်သူဟာ ကျောက်ဆွယ်ကျိုးရွာခံ အသက် ၃၀ ကျော်အရွယ်အမျိူးသား ၁ ဦးဖြစ်ပြီး ဓားနဲ့ခုတ်ခံရလို့ ဦးအေးဟန်မှာ ဦးခေါင်းနဲ့လက်တွေမှာ ဒဏ်ရာတွေရပြီးနေရာမှာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဓားခုတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားကို စစ်ကောင်စီအဖွဲ့တွေက လိုက်လံရှာဖွေနေပေမယ့် ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူအုပ်ချုပ်ရေးမှူးရဲ့ နာရေးကိုတော့ ဇူလိုင်လ ၆ ရက်နေ့ညနေပိုင်းမှာ ကျေးရွာသုသာန်မှာပင် သဂြိုလ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း
အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာမှာ အုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကွမ်းလောင်းကျေးရွာဆိုင်းဘုတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။