လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

0 1
0 1

မကွေး၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေ အင်အား ၆၀ ခန့်ပါ စစ်ကြောင်း ၃ ကြောင်းနဲ့ ဖြန့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းတို့ ဇန်နဝါရီ ၁၁ ရက်က အုန်းတောရွာအနီးမှာ ထိပ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကနေထွက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းကို ဇန်နဝါရီ ၁၁ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ အုန်းတောရွာအနီး မီတာ ၂၀၀ အကွာကနေပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ချိန် ၁ နာရီဝန်းကျင်လောက်ကြာခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ JOKERက ပြောပါတယ်။

“ကျနော်တို့ရဲဘော်တွေ ကင်းပွိုင့်နဲ့တွေ့ပြီးတော့ ထိပ်တိုက်ပစ်ခတ်မှုတိုက်ပွဲ ဖြစ်ခဲ့တာ။ သူတို့ဘက်က သေတော့သေတယ်၊ အတိအကျတော့ မသိရဘူး။ မနေ့က လင်းဇင်းရဲစခန်းထဲမှာတော့ အမိန့်ပြန်တမ်းလုပ်တယ်လို့ သိရတယ်။” လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် အုန်းတောရွာတောင်ဘက် ဆည်ကံရွာဘက်ကို စစ်ကြောင်း ၁ ကြောင်း ၊ လင်းဇင်းဘက်ကို စစ်ကြောင်း ၂ ကြောင်း ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ဇန်နဝါရီ ၁၂ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စလင်းမြို့ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်လို့ မြေနီကုန်းရွာ၊ သံပေါင်းလမ်းအနောက်ထိပ်ကို ဗုံးသီးအလုံး ၂၀ လောက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ ဇန်နဝါရီ ၁၃ ရက်မနက်မှာလည်း စစ်ကောင်စီတပ်ဘက်က စလင်းမြို့၊ ဆည်ကံရွာတောင်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အုန်းတောရွာ၊ မြောင်းကြားရွာ၊ ဂွေးပုဇင်းရွာ နဲ့ လေးရွာသစ်ရွာက ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။