မူးယစ်ဆေးမှုနဲ့ထောင်ကျပြီး လွတ်လာသူတဦးကို မူးယစ်ဆေးတွေနဲ့ ထပ်ဖမ်းမိ

0 1
0 1

စစ်ကိုင်း၊ ဇန်နဝါရီ ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းရဲ့ အဝေရာ တောင်အတက်လမ်းမှာ မူးယစ်ဆေးရောင်းချသူ အမျိုးသား ၁ ဦးကို ၁ ပိဿာခန့် အလေးချိန်ရှိတဲ့ မူးယစ်ဆေး ၁၁ ထုပ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေ၊ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက နယ်မြေခံ ပလဖအဖွဲ့အစည်းတွေနဲ့ မြို့နယ်တရားရေးအဖွဲ့တွေက လမ်းပိုင်းကို ရှောင်တခင်စစ်ဆေးချိန် ဘိန်းမဲ၊ ရာမ၊ WY စတဲ့အမျိုးအစားမျိုးစုံပါတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကာလတန်ဖိုးငွေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

၁၁ ထုပ်ပါ။ မီးရှို့ဖျက်ဆီးတာရယ်၊ ဘိန်းမဲကိုတော့ ရေဖျော်ပြီး အိမ်သာထဲ ထည့်တာရယ်။ အပြစ်ပေး အရေးယူမှုကတော့ NUG အစိုးရရဲ့ လမ်းညွှန်မှုအတိုင်း အရေးယူ ဆောင်ရွက်ပါတယ်။ မူးယစ်တရားခံတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။”လို့ ကောလင်းမြို့နယ် ပလဖနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူဟာ အင်းတော်မြို့၊ ဗုဓလက်ရွာသား ၅၁ နှစ်အရွယ် ဦးမြတ်စိုး ဖြစ်ပြီး ကောလင်းနယ်တဝိုက်နဲ့ ဝန်းသိုမြို့နယ်ထဲက ဂျိုးတောင်၊ နမ်းခမ်းရွာဘက်တွေကို မူးယစ်ဆေး ရောင်းချနေသူတယောက် ဖြစ်တယ်လို့ ဦးမြတ်စိုးကိုသိတဲ့ အင်းတော်ဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။

ဦးမြတ်စိုးဟာ ၂၀၁၉ ခုနှစ်က မူးယစ်ဆေးမှုနဲ့ ဖမ်းဆီးခံရပြီး ရွှေဘိုထောင်မှာ ၅ နှစ်ကျော် ထောင်ဒဏ် ချမှတ်ခံခဲ့ရကာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်စပိုင်းကမှ စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူ ဖြစ်ပါတယ်။

“လွတ်တာကို ဆေးတွေ ထပ်ရောင်းနေတာ။ သူ့ရွာမှာရောင်းပြီး ဖြန့်တာပေါ့နော်။ သူဆေးရောင်းနေတာကို အကုန် တော်တော်များများ သိတယ်။ သူ့တဲမှာဆို ပကဖတွေချည်းနေတာ၊ မဖမ်းကြဘူး။ အင်းတော်က မဖမ်းပေမယ့် ကောလင်းကို ဆေးသွားပို့တဲ့အချိန် ကောလင်းက ဝင်ဖမ်းလိုက်ရော။”လို့ သူက ပြောပါတယ်။

ကောလင်းမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး မကြာခဏဖမ်းမိလေ့ရှိကာ အမှုကြီးရင်တော့ တရားရုံးထိတင်ပြီး ပိုက်ဆံထောင်ဂဏန်းဝန်းကျင်နဲ့ သုံးစွဲသူတွေမိရင်တော့ ဖမ်းဆီးထိန်းသိမ်းတာမျိုးလုပ်တယ်လို့ ကောလင်းမြို့နယ် ပလဖနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၆ ရက်ကလည်း ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မူးယစ်ဆေးရောင်းချသူ ၅ ဦးကို ပစ္စည်းတွေနဲ့တကွ ဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။