စစ်မှုထမ်းကြေးနဲ့ လျှပ်စစ်မီတာခ အဆမတန်ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ မိအုအောင်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ Magway Guerrilla Warfare(မကွေးပြောက်ကျားတပ်) ဆီက သိရပါတယ်။

အသက် ၅၅ နှစ်အရွယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းစိုး ဆိုသူကို ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁၀ နာရီဝန်းကျင်က သူ့ရဲ့နေအိမ်ထဲမှာ သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တာလို့ Magway Guerrilla Warfare(မကွေးပြောက်ကျားတပ်)တာဝန်ခံ ကံကြီးမောင်က ပြောပါတယ်။

“သူက အုပ်ချုပ်ရေးမှူးဖြစ်တာ ၁ နှစ်နီးပါးရှိပြီ။ စစ်ကောင်စီအလိုကျ စစ်မှုထမ်းကြေးကောက်တာ ၃ ကြိမ်ရှိပြီ။ ၁ အိမ်ကို ၃၀,၀၀၀ နှုန်းကောက်တယ်။ နေအိမ်ထဲစစ်ဆေးမေးမြန်းပြီး ဖောင်းဒိုင်း ၂ ချက် ပစ်ခဲ့တယ်။” လို့ သူက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးသိန်းစိုးဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်မှုထမ်းကြေးကောက်ခံတာအပြင် လျှပ်စစ်မီတာခတွေကို အဆမတန်တောင်းခံတာတွေလုပ်တာကြောင့် အခုလို ပစ်ခတ်ခဲ့တယ်လို့ Magway Guerrilla Warfare(မကွေးပြောက်ကျားတပ်)ရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။

အုပ်ချုပ်ရေးမှူးသိန်းစိုး ပစ်ခတ်ခံရလို့ သေဆုံးပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိအုအောင်းကျေးရွာ အ၀င်အထွက်လမ်းကြောတွေကို ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို Magway Guerrilla Warfare(မကွေးပြောက်ကျားတပ်)နဲ့ Taungdwingyi Fighter Force(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီ ၄ ရက်ကလည်း ဆင်ပေါင်ဝဲမြို့နယ် EPC ရုံးမှာ အထိုင်ချတပ်ဆွဲကာ ခရီးသွားကားတွေကို ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Magway Guerrilla Warfare(မကွေးပြောက်ကျားတပ်) အဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။