ကြို့ပင်ကောက်မြို့နယ် NLD အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဌ ပစ်ခတ်ခံရပြီး သေဆုံး

0 18
0 18

ကြို့ပင်ကောက်၊ မတ် ၂၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မတ်လ ၂၂ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အသက် ၅၄ နှစ်အရွယ် ဥက္ကဌ ဒေါ်တင်တင်နု နေအိမ်မှာရှိနေချိန် သေနတ်သမား ၁ ဦးက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“သူက ထမင်းချက်နေတယ်။ သူ့သမီး ၁၀ နှစ်ကျော်က အိမ်ရှေ့ဝရံတာမှာထိုင်နေတဲ့အချိန် သူတို့အိမ်ဘေးမှာ အများသုံးရေကန်ရှိတယ်။ အဲ့မှာက ရေကန်ထဲဝင်တဲ့လမ်းရှိတယ်။ လမ်းနဲ့သူတို့အိမ်နောက်ဖေးပေါက်က ဒိုးယိုပေါက်ပေါ့။ အိမ်နောက်ကနေပြီး လုပ်ကြံသတ်ဖြတ်သူက သေနတ်နဲ့အရင်ဆုံး ၁ ချက်စပစ်တယ်။ ပြီးတော့ ၄ ချက်ဆက်တိုက်ပစ်တယ်။”လို့ ပါတီနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပစ်ခတ်သွားသူက တော်လှန်ရေးအင်အားစုတွေဘက်က လာရောက်ပစ်ခတ်တာမဖြစ်နိုင်ဘဲ လူမှုရေးကိစ္စ၊ ပုဂ္ဂျိလ်ရေးကိစ္စမကျေနပ်ချက်တွေကြောင့် လာရောက်ပစ်ခတ်တာနဲ့ စစ်ကော်မရှင်တပ်တွေဘက်က ပစ်ခတ်တာဖြစ်နိုင်တယ်လို့ အထက်ပါနီးစပ်သူက ခန့်မှန်းပါတယ်။

ဒေါ်တင်တင်နုဟာ ၂၀၂၀ ရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မှ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွဋ် (မြို့နယ်ပါတီ ဒုဥက္ကဌ)ရဲ့ ဇနီးဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက်မှာ အလောင်းကိုတော့ စစ်ကော်မရှင်အဖွဲ့တွေက ကြို့ပင်ကောက်ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ ဆိုပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းကလည်း ဒေါ်တင်တင်နုဟာ နေအိမ်မှာရှိနေချိန် သေနတ်သမား ၁ ဦးက လာရောက် ပစ်ခတ်ခဲ့တာကြောင့် နဖူးဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။