မုံရွာမှာ စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ၂ ဦးဒဏ်ရာရ

0 5
0 5

မုံရွာ၊ မတ် ၁၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ကျေးရွာ ၁ ရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာကြောင့် PDF ၁ ဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မတ်လ ၁၂ ရက်မနက် ၉ နာရီခွဲမှာ မုံရွာနမခ က တက်လာတဲ့ စက်တပ်လေထီး ၂ စီးက ကျေးရွာအနီးကို ဗုံး ၁ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ရွာအနောက်ဘက်ကို လာချတာ။ ပြည်သူကတော့ စိုက်ခင်းလယ်လုပ်နေတာ။ ရဲဘော်က ပါရာမိုတာလာတယ်ဆိုလို့ရှောင်တာ နောက်ကျသွားပြီး လာထိတာ”လို့ ဒေသခံကာကွယ်ရေးတပ်ရင်း ၁ ခုရဲ့ တာဝန်ရှိသူကပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၃၀ အရွယ် PDF တပ်ဖွဲ့ဝင်ရဲ့ နောက်ကျောနဲ့ အသက် ၄၀ အရွယ်အမျိုးသမီးရဲ့လက်ကို ဗုံးစထိမှန်ဒဏ်ရာရကာ သူတို့ကိုတော့ နီးစပ်ရာဆေးခန်းမှာ ဆေးကုသနေရပြီး ဒဏ်ရာတွေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဇန်နဝါရီ ၂ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာကို စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ကလေးငယ် ၂ ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။