မန္တလေးနဲ့ ပြင်ဦးလွင်မှာ ဝှီးတက်နဲ့ဒစ်စဝိုင်းပါမှ ဆီဖြည့်ခွင့်ရမယ်လို့ လိုက်လံကြေညာနေ

0 3
0 3

မန္တလေး၊၂၀၂၆၊မတ်၉။

မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်တွေမှာ ကား၊ ဆိုင်ကယ်ဆီဖြည့်ပါက စုံ၊ မ ကန့်သတ်ချက်အပြင် ဝှီးတက် (Wheel Tag) နဲ့ ဒစ်စဝိုင်း(Disk/Disc)ကဒ်တွေပါမှသာ ဆီဖြည့်ခွင့်ရမယ်ဆိုပြီး စစ်ကော်မရှင်လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံအသိပေးကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၈ ရက်မှာ ပြင်ဦးလွင်မြို့နဲ့ မတ်လ ၅ ရက်က မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးက လိုက်လံကြေညာတာဖြစ်ပြီး ကားဆိုရင် ဝှီးတက်၊ ဆိုင်ကယ်ဆိုရင် ဒစ်စဝိုင်းကဒ်ပါရမယ်လို့ကြေညာခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆိုင်ကယ် ၁ စီးကို ၁ ကြိမ် ဓါတ်ဆီ ၂ လီတာ၊ သုံးဘီး ၁ စီးကို ၄ လီတာနဲ့ အိမ်စီးကား ၁ စီးကို ၁၂ လီတာသာ ရောင်းချသွားမယ်လို့လည်း သိရပါတယ်။

“အဓိက က လိုင်စင်မဲ့ယာဉ်တွေ ပေးမရောင်းတော့ဘူးလို့ သိရတယ်။ ဒါပေမယ့် ၁ ကြိမ်ကို ၂ လီတာပဲ ရောင်းတာကျ လုပ်ငန်းသုံးဆိုင်ကယ်‌တွေအတွက် အဆင်မပြေဘူး။ စုံ၊မ ရက်ကလည်းခွဲထားတော့ ၁ ရက် ၁ လီတာပဲ ပေးသုံးသလိုဖြစ်နေတာ။ အဓိကကတော့ ပစ္စည်းပို့တဲ့သူတွေ ခက်ခဲကုန်တာပေါ့”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်က ယခုမတ်လ ၇ ရက်ကစတင်ပြီး ယာဉ်မောင်းနှင်ခွင့်ကို စုံနံပါတ်ယာဉ်တွေက စုံရက်မှာ မောင်းရမှာဖြစ်ပြီး မနံပါတ်ယာဉ်တွေဟာ မရက်မှာ မောင်းနှင်ရမယ်လို့ သတ်မှတ်ထားခဲ့တာပါ။

ဒါပေမယ့် သတ်မှတ်တဲ့ရက်ကနေ မတ်လ ၁၃ ရက်အထိ ပညာပေးကာလသတ်မှတ်ထားကာ ၁၃ ရက် နောက်ပိုင်းမလိုက်နာတဲ့ ယာဉ်တွေကိုဒဏ် ငွေ ၂ သောင်း၊ ထောင်ဒဏ် ၁ လ၊ ဒဏ် ၂ ရပ်လုံးချမှတ်သွားမယ်လို့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။

သတင်း – MG

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။