BNRA ခေါင်းဆောင် ဗိုလ်နဂါး လက်နက်တွေနဲ့ခိုလှုံလာကြောင်း စစ်ကော်မရှင်ထုတ်ပြန်

0 0
0 0

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ် – BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းလာတယ်လို့ စစ်ကော်မရှင်က ဒီကနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ််။

ဒီကနေ့ ညနေ ၄ နာရီ ၅၀ မိနစ်မှာ ဗိုလ်နဂါးနဲ့မိသားစုဟာ လက်နက်ငယ် ၆ လက်နဲ့အတူ ပုလဲမြိုနယ်အတွင်းက တပ်စခန်းတခုကို လာရောက်ပူးပေါင်းလာတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ယမန်နေ့မနက်အစောပိုင်းမှာ ပုလဲနယ်အတွင်းက BNRAနဲ့ GZA တပ်စခန်းတချို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်တပ်တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီးတဲ့နောက် ပုလဲနယ် အတွင်း နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေခဲ့တာပါ။

တိုက်ခိုက်ခံရမှုကြောင့် BNRA တပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးတယ်လို့ ဗိုလ်နဂါးက ပြောဆိုထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းတိုက်ခိုက်မှုတွေအပေါ် လူမှုကွန်ယက်တွေမှာလည်း ဝေဖန်မှုတွေမြင့် တက်နေတာလည်း ဖြစ်ပါတယ်။

ဗိုလ်နဂါး စစ်ကော်မရှင်တပ်ထံပူးပေါင်းလာတဲ့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး BNRA တပ်ဖွဲ့ထံ မြေလတ်အသံက ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။