ခင်ဦးမှာ ဗုံးကြဲလို့ ဒေသခံ ၃ ဦးသေဆုံး (ရုပ်/သံ)

0 0
0 0

ခင်ဦး၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ည ၁၀ နာရီခန့်မှာ စစ်ကော်မရှင်ရဲ့ ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ ရွာထဲကို ဗုံး ၃ လုံးကြဲချခဲ့တာကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၂ ဦးနဲ့ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး နေရာမှာတင်သေဆုံးခဲ့ပါတယ်။

“စာသင်ကျောင်းအဟောင်း စာတော့မသင်ဘူး။ ကျန်းမာရေးကိစ္စထားတဲ့နေရာ လိုကေးရှင်းပေါက်လို့ မထားပဲနဲ့ ရွှေ့ထားတာ။ ကျောင်းထဲကျတာက အဆောက်အဦတွေပျက်တယ်။ လူမထိဘူး။ လမ်းမပေါ် ကျတာမှ လူထိတာ။ လမ်းပေါ်သွားနေတဲ့သူ လူတွေထိတာ”လို့ ခင်ဦးမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၅၀ ကြား အမျိုးသမီး ၄ ဦးနဲ့အမျိုးသား ၄ ဦးဒဏ်ရာရပြီး စာသင်ကျောင်းနဲ့ နေအိမ် ၅ လုံးခန့်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း ခင်ဦးမြို့နယ်၊ လယ်သစ်ကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း၊ တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။