ဂန့်ဂေါမြို့ပေါ်မှာ ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

0 1
0 1

မကွေး၊ ဇွန် ၁၈၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ ခရီးသည်တင်ဟိုက်ဂျက်ကားနဲ့လိုက်ပါလာတဲ့ အမျိုးသား ၁ ဦး ဇွန်လ ၁၆ ရက် မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ ဂန့်ဂေါအခြေစိုက် PDF တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့ကားဝန်းဂိတ်ကိုရောက်ရှိချိန် အရပ်ဝတ် ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် ၃ ဦးက အဲ့ဒီအမျိုသားကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံရသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“ကားပေါ်ကနေ အဆင်းမှာဖမ်းတာ။ သူလာမှာကို ကြိုသိပြီးတော့ စောင့်ဖမ်းတဲ့ပုံစံပါ။ အရပ်ဝတ်နဲ့ဆိုတော့ ရဲလား၊စစ်သားလားမသိဘူး။ ရဲစခန်းဘက်ကို ကားနဲ့တင်သွားတယ်”လို့ ဂန့်ဂေါ PDF မှ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တယ်လီဂရမ်သတင်းချန်နယ်တွေမှာတော့ ဂန့်ဂေါမြို့ပေါ်မှာ အသက် ၂၀ ကျော်အရွယ် မျိုးကျော်ထွန်း ဆိုသူကို ဖမ်းဆီးရမိထားပြီး PDF တဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇွန်လ ၁၄ ရက်မှာလည်း ဂန့်ဂေါမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ မြစ်သာမြစ်ကူးတံတားထိပ်မှာ မတူပီမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ခရီးသည်တင်ကားတစီးပေါ်ကနေ CDF တပ်ဖွဲ့ဝင် ဗန်ဘွေးဇထန်ကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း စစ်ကောင်စီတယ်လီဂရမ်တွေမှာ ရေးသားထားပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။