စစ်ကော်မရှင်ရဲ့ကြေးနီယာဥ်တန်း မုံရွာ-ချောင်း​ဦးလမ်းပိုင်းမှာ တိုက်ခိုက်ခံရ (ရုပ်/သံ)

0 13
0 13

မုံရွာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ထွက်ခွာလာတဲ့ ယာဥ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ကြေးနီတွေတင်ဆောင်လာတဲ့ တွဲကား ၂၇ စီးအပါ စစ်ကော်မရှင်ကားအစီး ၅၀ ခန့်ရှိ ယာဥ်တန်းကို မုံရွာမြို့နယ်၊ မုံရွေးစစ်ဆေးရေးဂိတ်အနီးမှာ ကားလမ်းနံဘေးကနေ လက်နက်ငယ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ယာဥ်တန်းပေါ်လိုက်ပါလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ကြေးနီတင်တွဲကား ၁ စီး ပျက်စီးခဲ့ကာ မောင်းနှင်မရတော့ကြောင့် မုံရွေးစစ်ဆေးရေးဂိတ်အနီးမှာ ရပ်ထားရတယ်လို့ Chindwin Fighter Group-CFG တာဝန်ခံ ကိုငှက်ခါးက ပြောပါတယ်။

စစ်ကော်မရှင်ကားတွေကတော့ ချောင်းဦးမြို့တွင်းကို ဝင်ရောက်သွားပြီး အဲ့ဒီကနေတဆင့် စစ်ကိုင်းမြို့ဘက်ကို ဆက်လက် ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။