ရေစကြို ပကဖ စခန်းခွဲ ၁ ခု စီးနင်းခံရလို့ ရဲဘော် ၁ ဦးသေဆုံးပြီး ကား၊ဆိုင်ကယ်နဲ့ခဲယမ်းတွေ ဆုံးရှုံး

0 1
0 1

မကွေး၊ ဇွန် ၁၄၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် အောင်နန်းကျေးရွာအနီးက ရေစကြို ပကဖ စခန်းခွဲ ၁ ခု စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁ ဦးသေဆုံးကာ စခန်းရှိ ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ရေစကြို ပကဖထံက သိရပါတယ်။

ဇွန်လ ၁၃ ရက် မနေ့မနက် ၄ နာရီဝန်းကျင်မှာ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ ခလရ ၂၅၈ တပ်က အောင်နန်းကျေးရွာအနီး ရေစကြိုပကဖ စခန်းခွဲတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စခန်းစီးနင်းခံလိုက်ရတာလို့ ဆိုပါတယ်။

“၁၂ ရက်နေ့ ညပိုင်းလောက်ကတည်းက စကစ ဘက်က စခန်းနားကို ကပ်လာတာ။ ဖြစ်တဲ့ မနက်အစောပိုင်းမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြသေးတယ်။ အဲ့ဒီမှာ ကင်းကျရဲဘော်တဦး ဖမ်းဆီးခံလိုက်ရတယ်။ ကျန်သူအချို့ကတော့ လွတ်မြောက်လာပါတယ်” လို့ ရေစကြိုမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော်ဟာ အသက် ၃၀ အရွယ် ရဲဘော်ဂျင်ဘီဆိုသူ ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် လမ်းတနေရာမှာဘဲ ပစ်သတ်သွားကာ အလောင်းကိုတော့ ပြန်မရသေးဘူးလို့ ဆိုပါတယ်။

စခန်းစီးနင်းခံရမှုကြောင့် ရေစကြိုပကဖ စခန်းခွဲမှာ အသုံးပြုနေတဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ လက်လုပ်မိုင်းအချို့၊ ကျည်ဆံအနည်းငယ်၊ ယူနီဖောင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူတွေ ရှိပေမယ့် အရေအတွက်ကို အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။

မတ်လ ၁၈ ရက်နေ့က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ Myingyan Black Tiger စခန်းကို စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်ရာ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသလို စစ်ကောင်စီဘက် က ၃ ဦးထက်မနည်းသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ – သိမ်းဆည်းခံလိုက်ရတဲ့ ရေစကြိုပကဖစခန်းမှ ပစ္စည်းများ( စစ်ကောင်စီတယ်လီဂရမ်)

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။