11 July 2026 2:22 AM

သူရဲသမိန်ရဲစခန်းက ရဲတပ်သား ၁ ဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

0 19
0 19

ဝေါ၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ရဲစခန်းက ရဲတပ်သား ၁ ဦး ဇန်နဝါရီ ၂၆ ရက်မနက် ၅ နာရီခွဲမှာ စနိုက်ပါနဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသခံတဦးဆီက သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲတပ်သားဟာ အသက် ၃၀ ကျော်အရွယ်ရှိပြီး ရဲစခန်းနဲ့ ရွာဘုရားအကြား ကင်းစခန်းမှာရှိနေချိန် ပစ်ခတ်ခံရတာလို့ဆိုပါတယ်။

“ရဲစခန်းကို အရှေ့ပေါက်ကိုပိတ်ထားပြီး အနောက်ပေါက်ကနေ အဝင်အထွက်လုပ်ကြတာ။ ရဲစခန်းနဲ့ဘုရားကြားမှာ ကင်းရှိတယ်။ အဲဒီမှာသေတာ။ ကင်းပုန်းပါ။ ကင်းပုန်းထဲမှာရှိနေချိန် ပစ်ခံရတာ။”လို့ ဖြစ်စဥ်ကိုသိတဲ့ ရွာခံတဦးက ပြောပါတယ်။

အဆိုပါရဲတပ်သားမှ ပစ်ခတ်ခံရပြီးနောက် ဝမ်းဗိုက်ပွင့်ဒဏ်ရာနဲ့ နေရာမှာတင်ပွဲချင်းပြီးသေဆုံးကာ အလောင်းကိုတော့ ထော်လာဂျီနဲ့မြစ်ကျိုးဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ရဲတပ်သားဟာ သူရဲသမိန်ရဲစခန်းကို ရွေးကောက်ပွဲလုံခြုံရေးကိစ္စနဲ့ အင်အားထပ်ဖြည့်တဲ့ ၂၀ ဦးခန့်မှာပါဝင်လာသူဖြစ်ပြီး ရဲစခန်းကိုရောက်တာ ၁ ပတ်ခန့်သာရှိသေးတယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ အဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ဇန်နဝါရီ ၁၅ ရက်မနက်ပိုင်းကလည်း ဝေါမြို့နယ်၊ သူရဲသမိန်ရဲစခန်းရှေ့မှာ ပစ်ခတ်ခံရပြီးနောက် ပြည်သူအမျိုးသား ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။