ရွှေပန်းပင်ချောင်းအတွင်းမှာ ပိုင်ရှင်မဲ့အမျိုးသမီးအလောင်းတွေ့ လို့ သင်္ဂြိုဟ်ပေးလိုက်ရ

0 2
0 2

မကွေး၊ ဇွန် ၅၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နဲ့ နတ်မောက်မြို့အကြားရှိ ရွှေပန်းပင်ချောင်းအတွင်းမှာ ပုတ်ပွသေဆုံးနေတဲ့ သက်ကြီးပိုင်း အမျိုးသမီးအလောင်းတခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၄ ရက် မနေ့မနက် ၈ နာရီခန့်မှာ ရွှေပန်းပင်တံတားအနီး ချောင်းစပ်မှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့မနက်က လမ်းသွားလမ်းလာတွေကတွေ့လို့ အလောင်းလာကောက်သွားကြတယ်။ ခုသေဆုံးသူက ဒီဘက် ဒေသခံတော့ မဟုတ်လောက်ဘူး။ ပြီးခဲ့တဲ့ရက်က အထက်ဘက်မှာမိုးကောင်းတော့ ချောင်းရေတော့ တက်လာသေးတယ်။ ခုသေဆုံးတဲ့အမျိုးသမီးကလည်း ဒီမြို့နယ်ထဲက မဟုတ်လောက်ဘူး။ ဒီမနက်ထိ ပိုင်ရှင်မပေါ်သေးဘူး” လို့ ပြောပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက် ၆၀ ဝန်းကျင်အရွယ်ဖြစ်ပြီး၊ ခန္ဓာကိုယ်မှာ သတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာမျိုးမတွေ့ရဘဲ ပုပ်ပွသေဆုံးတဲ့ပုံစံမျိုးသာ တွေ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ နတ်မောက်မြို့နယ်အထက်ဘက် တောင်ပေါ်ဒေသကနေ ချောင်းထဲကျပြီး မျောပါလာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

သေဆုံးသူနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုတော့ မြို့သစ်မြို့နယ်ဆေးရုံကနေ စစ်ဆေးနေကာ ပိုင်ရှင်မပေါ်သေးတဲ့အတွက် အလောင်းကို ဇွန်လ ၄ ရက်ညနေပိုင်းမှာပဲ မီးရှို့သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

မေလ ၃ ရက် ညနေ ၅ နာရီခွဲလောက်မှာလည်း မြို့သစ်မြို့၊ အမှတ် ၁၁ ရပ်ကွက်၊ မြို့အထွက်ရှိ တောင်တွင်း – နတ်မောက်လမ်း၊ ဆင်ဖြူချက်ကန်အတွင်းမှာလည်း ညောင်ဇင်ကျေးရွာနေ အသက် ၅၃ နှစ်အရွယ် အမျိုးသားဟာ ငါးမျှားတံဆယ်ဖို့ ကန်ထဲဆင်းရာကနေ ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။