အားအင်အသစ်တွေနဲ့ ပြန်လည်ရုန်းထအုံကြွတော်လှန်ပေးကြဖို့ သပိတ်ကော်မတီတိုက်တွန်း

0 1
0 1

မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။

စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အနေနဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှားမှုကို စစ်ကိုင်းတိုင်းအတွင်းမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။

ပြည်သူတွေအထွေထွေအကြပ်အတည်းနဲ့ရင်ဆိုင်နေရတာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ကာ ဒီအကြပ်အတည်းတွေကို ဖြေရှင်းနိုင်တဲ့ တခုတည်းသောနည်းလမ်းက စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ကြရမှာဖြစ်တယ်လို့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင်အမျိုးသမီးတဦးက ပြောပါတယ်။

” ပြည်သူမပါတဲ့ ဘယ်တော်လှန်ရေးမှ အောင်ရိုးထုံးစံမရှိသည့်အတွက် ပြည်သူတစ်ရပ်လုံး ရုန်းထတော်လှန်ကြဖို့ပါပဲ” လို့ ဆိုပါတယ်။

ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်က ဦးဆောင်ကာ ဒေသတွင်းသပိတ်တွေပါ ပူးပေါင်းပြီး ပြည်သူတွေနဲ့ သပိတ်စစ်ကြောင်းထွက်ခဲ့ကြတာဖြစ်ပါတယ်။

“ပြည်သူတွေက သွေးမအေးပါဘူး စစ်အာဏာရှင်အပါဝင် အာဏာရှင်မှန်သမျှကို အလိုမရှိကြပါဘူး၊ အထွေထွေအကြပ်အတည်းတွေ အရမ်းများလာတော့ စားဝတ်နေရေးအတွက် အချိန်ပိုယူကြရတယ်” လို့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင်အမျိုးသမီးတဦးက ပြောပါတယ်။

တော်လှန်ရေး ၄ နှစ်ပြည့်နောက်ပိုင်း အထွေထွေဖိနှိပ်မှုတွေကိုကျော်လွှားနိုင်ဖို့ ပြည်သူလူထုကြီးအနေနဲ့ အားအင်အသစ်တွေနဲ့ ပြန်လည်ရုန်းထအုံကြွတော်လှန်ပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။