myaelatt athan

Sharing Information to the Local

⁨ငလျင်ဒဏ်သင့်ဒေသတွေကို “အကယ်ဒမီရုပ် ကမ်ပိန်း” မှ ကျပ်သိန်း ၅၀၀ လှူဒါန်းမည်

0
0

မြေလတ်အသံ၊ မတ် ၂၉၊ ၂၀၂၅။

သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ “အကယ်ဒမီရုပ်” ကမ်ပိန်းမှ ရရှိထားတဲ့ ရန်ပုံငွေထဲက ကျပ်သိန်း ၅၀၀ လှူဒါန်းသွားမယ်လို့ Artists’ Shelter Facebook စာမျက်နှာ ဖော်ပြလာပါတယ်။

မတ် ၂၈ ရက် မနေ့ နေ့လယ်မှာ စစ်ကိုင်းမြို့ အနောက်မြောက်ဖက်ကို ဗဟိုပြုပြီး အင်အား ၇.၇ ပမာဏရှိ အင်အားပြင်းထန်မြေငလျင် ဖြစ်ပေါ်ခဲ့ကာ အဆိုပါ ငလျင်ဘေးဒဏ်ကြောင့် အခက်အခဲဖြစ်ပေါ်နေတဲ့ ဒေသတွေကို ပေးပို့ကူညီသွားဖို့ စီစဉ်နေတယ်လို့ Artists’ Shelter Facebook က ဖော်ပြပါတယ်။

အဆိုပါ အကယ်ဒမီရုပ် ကမ်ပိန်းကို ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀ ရက်အထိ ရက်ပေါင်း ၂၀ ကြာ ပြုလုပ်ခဲ့ဖြစ်ပြီး ရည်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်ကာ (၂၆၅%) ထိ ကောက်ခံရရှိခဲ့ပြီး စုစုပေါင်း ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၈၇,၂၂၆ (နှစ်သိန်းရှစ်သောင်းခုနှစ်ထောင်နှစ်ရာနှစ်ဆယ့်ခြောက် ဒေါ်လာ) ရရှိခဲ့တာပါ။ ကမ်ပိန်းကောက်ခံရရှိတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအတွင်းက စစ်ဘေးရှောင်ဒေသတွေနဲ့ အခြားလိုအပ်တဲ့နေရာတွေကို ပေးပို့လှူဒါန်းရန်အတွက် စတင်လုပ်ဆောင်နေပြီဖြစ်ပြီးတော့ လက်ရှိ ငလျင်ဒဏ်ခံရတဲ့ဒေသတွေကိုလည်း ကူညီဖို့စီစဉ်နေတာပါ။

အဆိုပါကမ်ပိန်းမှာ တွယ်ချိတ်နားကပ် ၃ စုံ၊ ပိုင်ဖြိုးသု လက်မှတ်ပုံစံ ဆွဲကြိုး ၁ ကုံးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ ရွှေ ၁ ကျပ်သားပါ အကယ်ဒမီရွှေစင်ရုပ်တို့ ပါဝင်မဲဖောက်ပေးခဲ့တာ ဖြစ်ပြီး ပထမဆု ရွှေ ၁ ကျပ်သားပါ အကယ်ဒမီရွှေစင်ရုပ်ကို ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားခရိုင်၊ အိုနိုမိချီ မှ ကယန်းတိုင်းရင်းသား ဂျိုးစက်ဂျိမ်းက ရရှိခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးမြို့တို့မှာ လူသေဆုံးမှုနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှုများခဲ့ပြီး နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူစုစုပေါင်း ၁,၆၄၄ ဦးနဲ့ ဒဏ်ရာရရှိသူစုစုပေါင်း ၃,၄၀၈ ဦးရှိပြီး ၁၃၉ ဦးပျောက်ဆုံးတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။