လေကြောင်းပစ်ကူကြောင့် အပြီးသတ်စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတဲ့ လင်းဇင်းရဲစခန်းတိုက်ပွဲ (ရုပ်/သံ)

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၅၊

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဖေဖော်ဝါရီ ၃ ရက်မှာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စလင်းမြို့နယ်အနီး လင်းဇင်းတိုက်နယ်ရဲစခန်းမှာ အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက် ၆ နာရီခွဲကနေ ၂ နာရီ ၁၅ မိနစ်ကြာအောင် တိုက်ခိုက်ခဲ့တာလို့ ဒေါင်းစစ်အောင် Local PDF တာဝန်ခံ ကိုထူးလေးက ပြောပါတယ်။

လင်းဇင်းစခန်းကို တိုက်ခိုက်ချိန်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပေးတာကြောင့် စခန်းကိုအပြီးသတ်မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ လင်းဇင်းစခန်းကိုတိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ ဒေါင်းညီနောင် မြို့ပြပြောက်ကျား ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။

လင်းဇင်းရဲစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးနဲ့ ပျက်စီးမှုအခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က လင်းဇင်းရဲစခန်းကို အင်အား ၃၀ခန့် ထပ်မံဖြည့်တင်းထားတယ်လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ လင်းဇင်းတိုက်နယ်ရဲစခန်းတိုက်ခိုက်ပြီးပြန်လာချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေအတွင်း ရွာ ၁၅ ရွာလောက်က ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင် တပ်ရင်း ၁၊မင်းဘူးခရိုင် တပ်ရင်း ၅၊စလင်းမြို့နယ် ပကဖ၊ မင်းဘူးခရိုင်လက်ရုံးအဖွဲ့ ၊ SLN(LPDF)၊ ဒေါင်းညီနောင်အဖွဲ့၊ ဗမာ့ တပ်တော်အဖွဲ့ နှင့် မကွေးတိုင်း ဒရုန်းအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။