အောင်လံမှာ ခရိုင်ပညာရေးမှူးရုံးဝန်ထမ်း ၁ ဦးကို မူးယစ်ဆေးတွေနဲ့အတူ PDF ဖမ်းမိ

0 13
0 13

မြေလတ်အသံ၊ ဇန်နဝါရီ ၆၊ ၂၀၂၆။

မကွေးတိုင်း၊ အောင်လံမြို့မှာ မူးယစ်ဆေးအရောင်းအဝယ်လုပ်ကိုင်နေသူ ခရိုင်ပညာရေးမှူးရုံးမှဝန်ထမ်း ၁ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သရက်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။

ဖမ်းဆီးခံရသူမှာ ခရိုင်ပညာရေးမှူးရုံး၊ ရေး၊စီမံဌာန စာရေးဖြစ်သူ ဦးမိုးဌေးခိုင်ဖြစ်ပြီး သူ့ကို WY ၁၀၅ ပြား၊ Mango ဆေးခြောက် ၂၀ ကျပ်သားခန့်နဲ့အတူ အောင်လံမြို့နယ်၊ မြို့လှကျေးရွာနဲ့ သံချိတ်ဂိတ်တံတားအနီးမှာ ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ ပတ်ကင်းနဲ့ သွားတွေ့တာပါ။ စစ်ဆေးလိုက်တဲ့အခါမှာ ဆေးခြောက်တွေတွေ့တာနဲ့ ဖမ်းဆီးခေါ်ဆောင်လာခဲ့တာပါ။ သူ့ဆီက WY ၁၀၅ ပြား၊ Mango ဆေးခြောက်ဆိုလား အဲဒါ ၂၀ ကျပ်သားခန့် တွေ့ရှိရတယ်။ လုပ်သက်ကလည်း ၁၀ နှစ် အထက်ရှိတယ်လို့တော့ စစ်ဆေးချက်အရ သိထားပါတယ်။” လို့ သရက်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

Non-CDM ဝန်ထမ်းဖြစ်သူ ဦးမိုးဌေးခိုင်ဟာ အောင်လံမြို့၊ အေးချမ်းဖြိုးလမ်း၊ ရွာထောင်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ပညာရေးမှူးရုံးမှာ စာရေးအလုပ်ကို ၂၀၁၅ ကတည်းလုပ်ကိုင်နေသူဖြစ်ကာ တဆက်တည်းမှာလည်း မူးယစ်ဆေးကိုပါ အရောင်းအဝယ်လုပ်နေသူဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း သူက ဆက်ပြောပါတယ်။

“သူက ပညာရေးဝန်ထမ်းကိုမှ ခရိုင်ရုံးကဆိုတော့ သူ့ကို ဘယ်သူကမှမစစ်သလို သူကိုယ်တိုင်မှာလည်း အဲ့ဒီလမ်းကြောင်းပေါ်က ဂိတ်၊ ရဲစခန်းတွေနဲ့ ကြီးမားတဲ့ပတ်သက်မှုရှိလို့ သယ်ရတာပေါ့။ အရပ်သားတွေကို ဒီလောက်အစစ်အဆေးကြမ်းနေတာ သူက မူးယစ်ဆေးဝါးပါ သယ်ရတယ်ဆိုတော့ ဒါ ပတ်သက်မှု ကြီးကြီးမားမား ရှိလို့ပါပဲ။”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ သူ့ကို သရက်ခရိုင်တပ်ရင်း ၂ မှာထိန်းသိမ်းထားဆဲဖြစ်ပြီး အရေးယူနိုင်ဖို့ကို အောင်လံ မြို့နယ်ပကဖနဲ့ သက်ဆိုင်ရာ ကွပ်ကဲရေးအဆင့်ဆင့်တို့ကို အသိပေးတင်ပြထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။