မုံရွာက လူထုသပိတ် (Photo News)

0 1
0 1

စစ်ကိုင်း၊ မေ ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် အဝိုင်းပတ်အနီးမှာ ဒီမနက် ၇ နာရီခွဲလောက်က တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သပိတ်လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။

အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ မုံရွာ လူထုသပိတ်ကော်မတီဝင်တွေပူးပေါင်းကာ အင်အား ၁၅ ဦးဝန်းကျင်နဲ့ သပိတ်ဆင်နွှဲခဲ့ကြတာပါ။

“အခုရက်ပိုင်း ဖမ်းဆီးခံထားရတဲ့ရဲဘော်တွေကို သေဒဏ်ချမှတ်တာ၊ နှစ်ရှည် ထောင်ချနေတာတွေ များတဲ့အတွက် ဘယ်လောက်ပဲသေမိန့်ချချ တော်လှန်ရေးက သေမိန့်မကျဘဲ ဆက်လက်ချီတက်ကြရမယ်ဆိုတာကို ပြည်သူတွေသိအောင်ပါ” လို့ သပိတ်ပြုလုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကို အရာတော်မြို့နယ်မှ သပိတ်တက်ကြွလှုပ်ရှားသူ ကိုသက်နောင် ကပြောပါတယ်။

“သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ”၊ “တော်လှန်ရေးသမားကိုသေမိန့်ချရုံနဲ့ တော်လှန်ရေးက သေမိန့်မကျဘူး” စတဲ့ စာသားပါဘန်နာတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

သပိတ်ပြုလုပ်ခဲ့တဲ့ နေရာဟာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာနဲ့ မီတာ ၅၀၀ လောက်ပဲကွာဝေးကာ၊ လက်ရှိမုံရွာမြို့အတွင်းမှာတော့ စစ်သားတွေက စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။