ယင်းမာပင်မှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်

0 2
0 2

စစ်ကိုင်း၊ မေ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ယမားတံတားပေါ်နဲ့ ကျေးရွာဈေးတခုမှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

မေလ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ရဲ့ ၇၉၂ ရက်မြောက်နေ့အဖြစ် “ကြောက်ခေတ်ကို မှောက်ပစ်”စာသားပါ ဘန်နာတွေကိုင်စွဲပြီး အဖွဲ့ဝင်တွေက ဆန္ဒပြကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်၊ ၁၅ ရက်နေ့အတွင်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာအများစုမှာ ရေလွှမ်းမိုးခဲ့ပြီး သပိတ်အဖွဲ့ဝင်တချို့လည်း ရေကြီးမှုဒဏ်ကို ခံစားနေရတာဖြစ်ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။