မုံရွာမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက လူငယ်တွေဆန္ဒပြ

0 1
0 1

စစ်ကိုင်း၊ မေ ၁၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မေလ ၁၆ ရက် ဒီနေ့ နေ့လယ် ၁ နာရီခန့်တွင် မုံရွာလူငယ်များအစည်းအရုံးလူငယ်တွေက လုံခြုံရေးတင်းကြပ်နေတဲ့ကြားက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

မုံရွာလူငယ်များအစည်းအရုံးစာတန်းပါ ဗီနိုင်းနဲ့အတူ “ခေတ်သစ်ရောက်ဖို့ အာဏာရှင်မှန်သမျှမောင်းထုတ်စို့” စာသားတွေရေးထားတဲ့ အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေကို မြို့ပေါ်ဈေးတခုမှာဖြန့်ဝေပြီး မုံရွာအကျဉ်းထောင်ရှေ့မှာလည်း အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေကို ဖြန့်ကြဲခဲ့တယ်လို့ မုံရွာလူငယ်အစည်းရုံးအဖွဲ့ဝင်တစ်ဦးဆီက သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။