မုန်တိုင်းကြောင့် ပွင့်ဖြူက နွေနှမ်းစိုက်ခင်းတွေ ရေနစ်မြုပ်

0 1
0 1

မကွေး၊ မေ ၁၆၊ ၂၀၂၃။

မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းမှာ စိုက်ပျိုးထားတဲ့ နွေနှမ်းခင်းတွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့ဟောင်း၊ အုန်းတောရွာ၊ လှည်းကြီးကျေးရွာ၊ ကန်ဆွယ်ရွာနဲ့ ချမ်းသာကြီးရွာ အပါအဝင် မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းအချို့မှာ မေလ ၁၄ ရက် နေ့လယ်ကစတင်ကာ ရေနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – ပွင့်ဖြူမြို့နယ်အတွင်းက နှမ်းစိုက်ခင်းတချို့။ (ပုံဟောင်း)

“မနက်ခင်းပိုင်းကတော့ နှမ်းခင်းထဲက ရေက ဖောက်လို့ရသေးတယ်။ နေ့လယ်ပိုင်းရောက်တော့ မြုပ်နေပြီ၊ အခုထိလည်းမကျသေးဘူး။ နှမ်းက ရေကြိုက်တဲ့အပင်မျိုးနွယ်မဟုတ်ဘူး။ ညကတည်းက မိုးမရွာပေမယ့် ရေကတော့နစ်နေဆဲပဲ။ အပင်တွေသေဖို့ ရာခိုင်နှုန်းများတယ်” လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

ကုန်းမြင့်ပိုင်းရှိ နှမ်းစိုက်ခင်းတွေကလွဲပြီး ကျန်မြေပြန့်မှာ စိုက်ပျိုးထားတဲ့နှမ်းခင်းတွေ ရေနစ်မြုပ်တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

စုစုပေါင်း နှမ်းစိုက်ခင်း ဧက ၉၀၀ ကျော် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပေမယ့် ပျက်စီးဆုံးရှုံးတဲ့ ဧကအရေအတွက်ကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

နှမ်း ၁ ဧကကို စိုက်ပျိုးစရိတ် ကျပ် ၂ သိန်းခွဲကျော်ကုန်ကျပြီး လက်ရှိ နှမ်းနက် ၁ တင်းကို ပေါက်စျေး ကျပ် ၈ သောင်းခွဲရှိကာ နှမ်းဖြူ ၁ တင်းကို ကျပ် ၁ သိန်း စျေးပေါက်နေတယ်လို့ သူကဆက်ပြောပါတယ်။

ပွင်ဖြူမြို့နယ်မှာ နှစ်စဥ်ရေသွင်းစိုက်ပျိုးတဲ့ နွေနှမ်းစိုက်ဧက ၅ သောင်းဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲက နွေနှမ်းစိုက်ခင်းတွေလည်း ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။