အကျဉ်းသူ/သားတွေက ထောင်ထဲမှာ ပိုက်ဆံစုပြီး PDF ထံ ကျပ် ၅ သိန်းလှူဒါန်း

0 3
0 3

မကွေး၊ မေ ၉၊ ၂၀၂၃။

မြန်မာပြည်အလယ်ပိုင်းမှာရှိတဲ့ အကျဥ်းထောင်တခုက အကျဉ်းသူ/သားတွေဟာ မိသားစုဝင်တွေ ပို့ပေးတဲ့ ထောင်ဝင်စာ မုန့်ဖိုးတွေစုပြီး မကွေးတိုင်းအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ PRA-Magway ကို ရံပုံငွေ ၅ သိန်း ပေးအပ်ခဲ့တယ်လို့ PRA-Magway စစ်ဦးစီးချုပ် ဟာကျူလီက ပြောပါတယ်။

ထောင်ဝင်စာမုန့်ဖိုးတွေကို စုဆောင်းပြီး လှူဒါန်းလာတဲ့ငွေကို လက်ခံရရှိတဲ့အပေါ် PRA-Magway စစ်ဦးစီးချုပ် ဟာကျူလီက အခုလို မှတ်ချက်ပြုပါတယ်။

“ကျနော် အံ့ဩဝမ်းနည်း၊ ဝမ်းသာ ခံစားချက်က ရောပြွန်းနေတော့ ကျနော် ဘယ်လိုခံစားရလဲဆိုတာ ‌မဖော်ပြတတ်တော့ဘူး။ ကျနော်တို့မှာ တော်လှန်ရေးလုပ်ဆောင်နေရင်း ပင်ပန်းမှုတွေ စိတ်ဓါတ်ကျရတာတွေ ဒါတွေက သူတို့ စိတ်အားထက်သန်မှု PRA Magway အပေါ် သူတို့ ယုံကြည်မှုနဲ့စာရင် ဒါက အသေးအဖွဲပဲ။ ကျနော်တို့ဟာ ဒီထက် ပိုကြိုးစားရတော့မယ်ဆိုတဲ့ စိတ်ကို ပိုပြီး ခိုင်ခိုင်မာမာ ပိုင်းဖြတ်မိတယ်” လို့ သူက ပြောပါတယ်။

အဲဒီငွေ ကျပ် ၅ သိန်းဟာ လှူဒါန်းငွေသပ်သပ်မဟုတ်ဘဲ အပြင်မှာရှိတဲ့ ရဲဘော်တွေ ခွန်အားရစေဖို့ မျှော်လင့်တယ်ဆိုတဲ့ သတင်းစကားလည်း ပါးလိုက်သေးတယ်လို့ စစ်ဦးစီးချူပ် ဟာကျူလီက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲစည်းခြင်း ၂ နှစ် ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလက အရှိန်မြင့်တက်လာတော့မယ့် ခုခံတော်လှန်စစ်မှာ ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိ အပြည့်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ငွေအား၊ လူအားတွေနဲ့ ထောက်ပံ့လှူဒါန်းတာ၊ အကြံဉာဏ်နဲ့ သတင်းအချက်အလက်တွေ ပေးပို့တာ၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သွားကြဖို့ တောင်းဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။