စခန်းသိမ်းတိုက်ပွဲက ရရှိထားတဲ့ Anti ဒရုန်းလက်နက်သုံးပြီး စစ်တပ်ဒရုန်းတစီးကို ဖျက်ချနိုင်ခဲ့

0 2
0 2

စစ်ကိုင်း၊ မေ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကို ပျံသန်းလာတဲ့ စစ်ကောင်စီတပ်သုံး တိုက်ခိုက်ရေးဒရုန်းတစင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်တပ်စခန်းတခုကို သိမ်းပိုက်စဉ်ရရှိခဲ့တဲ့ Anti Drone Gun နဲ့ ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၇ ရက် မနေ့ညနေ ၄ နာရီခွဲလောက်က မြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အလုံတပ်မြို့၊ စစ်ပင်ဆိပ်က နေလွှတ်တင်ခဲ့တဲ့ စစ်တပ်ဒရုန်း၂ စင်းထဲက ၁ စင်းကိုပစ်ချနိုင်ခဲ့ပြီး တစင်းကတော့ နောက်ကြောင်း ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။

ပုံစာ – ပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ဒရုန်းရဲ့ထောက်တိုင် ၂ ခုနဲ့ စခန်းသိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိခဲ့တဲ့ Drone Gun။

“အရင်ရက်က တိုက်ပွဲမဖြစ်ဘဲ ရွာထဲကို ဒရုန်းလွှတ်ပြီး ဗုံးသီးချခဲ့တာဗျ။ အဲ့ဒါကြောင့် ကျနော်တို့ဘက်က အနီးတစ်ဝိုက်မှာ စောင့်ကြည့်‌နေတဲ့အချိန် စစ်တပ်ဘက်က ဒရုန်းထပ်လွှတ်ခဲ့လို့ သူတို့(စကစ) ဆီက ရခဲ့တဲ့ Drone Gun နဲ့ ပစ်ချလိုက်ခဲ့တာ” လို့ Union Liberation Front တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒရုန်းGunနဲ့ ပစ်ခတ်ခဲ့လို့ စစ်တပ်တိုက်ခိုက်ရေး ဒရုန်းတစီး ချင်းတွင်းမြစ်ထဲ ကျရောက်ပေါက်ကွဲခဲ့ကာ ဒရုန်းကိုယ်ထည်နဲ့ တပ်ဆင်ထားတဲ့ဗုံးသီးကို မရခဲ့ပေမယ့် ဒရုန်းထောက်တိုင် ၂ ခုကိုတော့ ဆည်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – ပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ဒရုန်းရဲ့ထောက်တိုင် ၂ ခုနဲ့ စခန်းသိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိခဲ့တဲ့ Drone Gun။

အဲ့ဒီဒရုန်းGun လက်နက်ဟာ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်အကြားရှိ စစ်ကောင်စီတပ်ရဲ့ ကျောက်မျက်တောင်စခန်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေထဲက တခုလည်းဖြစ်ပါတယ်။

မေလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ရွှေတောင်ဦးကုန်းကနေ ယင်းမာပင်မြို့နယ်၊ စေသူရွာပေါ် ကို တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ရွာစပ်ကိုကျရောက်ခဲ့ပေမယ့် ရွာသားထိခိုက်သေဆုံးမှုဝောာ့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပုံစာ – ပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ဒရုန်းရဲ့ထောက်တိုင် ၂ ခုနဲ့ စခန်းသိမ်းတိုက်ပွဲမှာ သိမ်းဆည်းရရှိခဲ့တဲ့ Drone Gun။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။