မြေလတ်အသံ၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ ချောက်မြို့မရဲစခန်းကနေ PDF တပ်ဖွဲ့ဝင် ၁ ဦးအပါ နိုင်ငံရေးအကျဉ်းသား ၅ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အကျဉ်းထောင်ကိုပို့ဆောင်တဲ့ ကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ ကားပေါ်မှာပါလာတဲ့ PDF တပ်ဖွဲ့ဝင် ၁ ဦးက ကားပြတင်းပေါက်ကနေ ခုန်ချပြီး လွတ်မြောက်သွားခဲ့ပါတယ်။ သူက Chauk Guerrilla Force တပ်ဖွဲ့က “ရဲဘော် နတ်ရှိုင်း”ပါ။ ချောက်မြို့ပေါ် စစ်ဆင်ရေးတွေကို အဓိကဖော်ဆောင်နေရင်းနဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးခံရပြီးနောက် အမှုပေါင်း ၁၈ မှုနဲ့ ထောင်ဒဏ် ၂၂၃ နှစ်ချမှတ်ခံခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။
နှစ် ၂၀၀ ကျော် ထောင်ဒဏ်တွေကြားက ထွက်ပြေးလွတ်မြောက်လာသူ ရဲဘော်နတ်ရှိုင်းရဲ့ သူဖမ်းဆီးခံရချိန်ကနေ လွတ်မြောက်လာချိန်အထိ ရင်ဆိုင်ကြုံတွေခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။