အိမ်နီးချင်းအသက် ၁၁ နှစ်မိန်းကလေးကို အဓမ္မပြုကျင့်တဲ့အမျိုးသား ထောင်ဒဏ် ၂၅ နှစ်ကျ

0 17
0 17

ပဲခူး၊ ဒီဇင်ဘာ ၄၊ ၂၀၂၅။

ပဲခူးမြို့နယ်မှာ အိမ်နီးချင်း ၄ တန်းကျောင်းသူမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံခဲ့ရတယ်လို့ ပဲခူးခရိုင်တရားရုံးနဲ့နီးစပ်သူမြို့ခံတွေထံက သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ အင်းတကော်မြို့၊ ကိုကြွယ်ကုန်းကျေးရွာနေ အသက် ၃၀ နှစ်ဝန်းကျင်ရှိ နိုင်နိုင်(ခ)နိုင်လင်းဝေ ဖြစ်ပြီး သူ့ကို ဒီဇင်ဘာ ၃ ရက် ယမန်နေ့က ပဲခူးခရိုင်တရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ-၃၇၆(၃) (မုဒိန်းမှု)အရ အလုပ်နဲ့ထောင်ဒဏ် ၂ဝ နှစ်နဲ့ ပုဒ်မ ၃၇၇(ဓမ္မတာနဲ့ဆန့်ကျင်သောလိင်ဆက်ဆံမှု) အရ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ်စီ သီးခြားကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

” ၁၁ နှစ်သမီးကို နိုင်နိုင်ဆိုတဲ့ကောင်လေးက မုဒိမ်းကျင်လို့ အနှစ် ၂၀ တခု၊ ၅ နှစ်က တခု သီးခြားကျခံဖို့ ခရိုင်ရုံး ၁ က ချတာ။ ကလေးနဲ့ကအိမ်နီးနားချင်းကိုး။ သုံးလေးကြိမ်ရှိပြီး မုဒိန်းကျင့်တာ ကလေးက သွေးတွေဆင်းရာကနေသိမှ အမှုဖွင့်တာ” လို့ တရားရုံးနဲ့နီးစပ်တဲ့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာ အင်းတကော်မြို့၊ ကြွယ်ကုန်းရွာစာသင်ကျောင်းမှာ တက်ရောက်နေတဲ့ G-4 ကျောင်းသူမှာ မိန်းမကိုယ်ကနေ သွေးတွေကျဆင်းနေတာကို ကျောင်းဆရာမမှတဆင့် မိဘတွေသိရှိခဲ့ပြီးနောက်မေးမြန်းရာမှာ အိမ်မီးချင်းဖြစ်သူ တရွာတည်းနေ နိုင်နိုင်(ခ)နိုင်လင်းဝေဆိုသူမှ စက်တင်ဘာ ၁၅ ရက်မှာ အဓမ္မပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

မိဘတွေက အခင်းဖြစ်စဥ်ကို အင်းတကော်ရဲစခန်းမှာ တိုင်ကြားခဲ့တာကြောင့် စက်တင်ဘာ ၁၇ ရက်မှာ နိုင်နိုင်(ခ) နိုင်လင်းဝေကို ရဲက လာရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာ နစ်နာသူမိန်းကလေးကို အဓမ္မပြုကျင့်မှု ၃ ကြိမ်အထိရှိခဲ့ကြောင်း ဆက်လက်ပေါ်ပေါက်ခဲ့တာပါ။

အဲ့ဒီနောက် နိုင်နိုင် (ခ) နိုင်လင်းဝေကို ဒိုက်ဦးထောင်မှာ ချုပ်နှောင်ထားပြီး မုဒိန်းမှုပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး ၃ လကျော်အကြာမှာ အခုလိုအမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။