စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အမျိုးသား ၁ ဦး ရေနစ်သေဆုံး

0 1
0 1

စစ်ကိုင်း၊ ဧပြီ ၂၉၊ ၂၀၂၃။

စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအောက်က ဧရာဝတီမြစ်ထဲမှာ ရေးဆင်းကူးတဲ့ အမျိုးသား ၁ ဦး ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။

ယနေ့ ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီ​ကျော်ခန့်က စစ်ကိုင်းတံတားအောက် တကောင်းဆိပ်မှာ အမျိုးသား ၅ ဦး ရေဆင်းကူးချိန် ၁ ဦးရေနစ်ပျောက်ဆုံးရာက ပြန်လည်တွေ့ရှိချိန်မှာ သေဆုံးလျှက်တွေ့ခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကိုင်းမှာဒီလိုပါဘဲ မီးကမလာ ရာသီဥတုကပူတာဆိုတော့ မြစ်ဆိပ်တွေမှာ ရေဆင်းကူးနေကြပါဘဲ။ ခုလည်း အဖော်တွေနဲ့ ရေဆင်းကူးချိန်ဖြစ်သွားတာ။ လူတဦး ရေနစ်တယ်ဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ဝိုင်းရှာကြတာ၊ နေ့လည် ၁ နာရီလောက်မှာ သူတို့ရေဆင်းကူးတဲ့နေရာနားလောက်ကဘဲ အလောင်းကို ပြန်ဆယ်ရခဲ့တယ်” လို့ သူက ပြောပါတယ်။

ရေနစ်သေဆုံးသူဟာ အသက် ၂၉ နှစ်အရွယ် ကို​အောင်မြတ်သူဖြစ်ပြီး တင်းတိမ်ရပ်ကွက်၊ စစ်ကိုင်းမြို့နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသွားသူရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက စစ်ကိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် မိသားစုတွေရဲ့ ဆန္ဒအရ နေ့ချင်း သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

မတ်လ ၅ ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ ဝါဆိုကျောင်းက ကိုရင် ၃ ပါး စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်ထဲမှာ ရေဆင်းကူးချိန် အသက် ၁၂ နှစ်အရွယ် ကိုရင် ၁ ပါးရေနစ်သေဆုံးခဲ့ပါသေးတယ်။

စာတည်း-007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။