စစ်တပ်က ကားနဲ့လိုက်ပစ်ခတ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး

0 54
0 54

မုံရွာ၊ နိုဝင်ဘာ ၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အပိုင်၊ မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ ဆိုင်ကယ်စီးလာတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ပစ်ခံရပြီး ၃ ဦးကျဆုံးခဲ့တယ်လို့ မုံရွာအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၇ ရက်ညနေ ၅ နာရီခန့်မှာ ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကို Honda Fit ကားနဲ့လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်ခဲ့ရာ ၁ ဦးကတော့လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က အနောက်ဘက်ကနေ အရှေ့ဘက်ကိုလာတာ။ ကားကဒလန်မောင်းတာ။ ဖြစ်ရင်းမတ်တပ်ကိုမှ ကားလေးနဲ့လာပြီး တောက်လျှောက်လှမ်းပစ်သွားတာ။ လွတ်သွားတဲ့ကလေးတယောက်ကို လိုက်ပစ်ရင်းပြည်သူတယောက်ထိတာ။”လို့ မုံရွာအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

သေဆုံးသွားသူ ၃ ဦးဟာ ယင်းမာပင်ခရိုင်အခြေစိုက်တပ်ရင်းတွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်ကအတည်ပြုပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကတော့ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။

အလောင်းတွေကိုတော့ နိုဝင်ဘာ ၈ ရက် ဒီမနက်ပိုင်းမှ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တခုက ကောက်ယူပြီး သင်္ဂြိုဟ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုအတွင်း ကျည်ထိမှန်ခဲ့တဲ့ လမ်းသွားလမ်းလာ အသက် ၄၀ အရွယ် ဒေသခံအမျိုးသားကိုတော့ မိသားစုတွေက မုံရွာဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ည ၉ နာရီကျော်ကလည်း စစ်ကော်မရှင်တပ်တွေအထိုင်ချထားတဲ့ ရွှေတောင်ဦး စခန်းကုန်းကနေပစ်ခတ်တဲ့ လက်နက်ကြီးဟာ မုံရွာမြို့နယ်၊ ညောင်ပင်စောင့်ရွာ လက်ဖက်ရည်ဆိုင်အနီးက ကားပေါ်ကို ကျရောက်ပေါက်ကွဲပြီး သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။