ကျောက်ဆည်မှာ ချောင်းထဲရေဆင်းကူးတဲ့လူငယ် ၄ ဦး ရေနစ်သေဆုံး

ကျောက်ဆည်၊ ဧပြီ ၁၈၊ ၂၀၂၃။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကောင်းတင်ရွာက အမျိုးသားလူငယ် ၄ ဦး ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) မနေ့ညနေက ရေကူးကစားရာက ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဆည်မြို့နယ်၊ ကျီးအိပ်ကျေးရွာအုပ်စု၊ ကောင်းတင်ရွာအနီးက စမုံချောင်းအတွင်းမှာ မနေ့နေ့လယ် ၃ နာရီဝန်းကျင်လောက်မှာ ရေချိုးဆင်းရာကရေနစ်သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဘယ်လိုဖြစ်ပြီး ရေနစ်တယ်တော့မသိရဘူး။ အလောင်းတွေကတော့ မီးသတ်တွေ၊ လူမူကယ်ဆယ်ရေးအဖွဲ့တွေက နာရီပိုင်းအကြာမှာပဲ ဆယ်လို့ရသွားပါပြီ “လို့ ပြောပါတယ်။

ရေနစ်သေဆုံးခဲ့သူတွေဟာ အသက် ၂၁ နှစ်အရွယ် မောင်စည်သူဖြိုး၊ ၂၀ နှစ်အရွယ် မောင်သော်တာဦး၊ ၁၆ နှစ်အရွယ် မောင်ခန့်ခန့်နဲ့ မောင်အောင်အောင်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ ၁၇ ရက် မနေ့ကမနက် ၈ နာရီလောက်မှာပဲ မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ မိတ္ထီလာကန်အတွင်းမှာ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။