1
မြေလတ်အသံ၊ အောက်တိုဘာ ၁၂၊ ၂၀၂၅။
မြေလတ်ဒေသကသတင်းတွေကို တင်ဆက်ပေးနေတဲ့ မြေလတ်အသံသတင်းဌာနရဲ့ တနေ့တာသတင်း အစီအစဉ်ဖြစ်ပါတယ်။
- မကွေးမှာ တိုးလာတဲ့တိုက်ပွဲတွင်းသေဆုံးတပ်မိသားစုတွေကိုပေးဖို့ စစ်မှုထမ်းဟောင်းအိမ်ရာအသစ် ထပ်ချဲ့
- သံတိုသံစထုပ်ထဲပါလာတဲ့ပစ္စည်းကို ထုခွဲမိရာက ပေါက်ကွဲမှုဖြစ်ပြီး သမီးဖြစ်သူ သေဆုံး
- ပွင့်ဖြူနဲ့ စလင်းမှာ အမျိုးသား ၁၁ ဦးပေါ်တာဆွဲခံရပြီး ၃ ဦးကို ကျပ်သိန်း ၅၀ ကျော်နဲ့ပြန်ရွေးခဲ့ရ
- လင်းဇင်းရဲစခန်းတိုက်ပွဲ စခန်းထဲအထိဝင်စီးပြီး ဘန်ကာတွေဖြိုနိုင်ခဲ့
စတဲ့သတင်းတွေကို တင်ဆက်ထားပါတယ်။