ပြည်မြို့မှာ သင်္ကြန်စည်ကားဖို့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကြိုးစားနေ

0 4
0 4

ပဲခူး၊ မတ် ၂၈၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပြည်မြို့မှာ သင်္ကြန်စည်ကားဖို့ စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေနဲ့ ပူးပေါင်းကြိုးစားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးမှာ ဗဟိုမဏ္ဍပ်ဆောက်နေပြီး နောက်ထပ်လည်း ရပ်ကွက်မဏ္ဍပ်တွေ ဆက်လုပ်သွားမယ့်အစီအစဥ်တွေလည်း ကြားနေရတယ်လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။

“စကစ ထောက်ခံတဲ့သူအချို့ ရာအိမ်မှုး၊ ဆယ်အိမ်မှုး၊ အုပ်ကြီး၊ ဒလန် သူ့လူနဲ့သူ စီစဥ်နေပြီး ပြည်သူလူထု အများစုကတော့ စိတ်ဝင်စားမှု နည်းပါးတာတွေ့ရတယ်” လို့ ဆိုပါတယ်။

ပြည်မြို့မှာ အခုနှစ်သင်္ကြန်ကို ကမ်းနားလမ်းတလျှောက်မှာ လမ်းလျှောက်သင်္ကြန်ပြုလုပ်ပြီး မြစ်ကမ်းစပ်မှာတော့ ရေပေါ်သင်္ကြန်ပြုလုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာများအလိုက် ယိမ်းတွေထွက်ဖို့ ညွှန်ကြားထားပြီး မြို့ပေါ် ၁၀ ရပ်ကွက်မှာလည်း အုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး ယိမ်းတွေထွက်ဖို့ ကြိုးစားနေသလို ငွေကြေးကောက်ခံတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ရပ်ကွက်တွေထဲကို လာကောက်တယ်။ စေတနာရှိသလောက်လို့ ပြောတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ သက်သက်ကောက်တာ ရှိတယ်။ ယိမ်းတွေအတွက် တာဝန်ယူခိုင်းတာတွေ လုပ်တယ်” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ ပုဂ္ဂလိကမဏ္ဏုပ်ဆောက်တာမျိုးနဲ့ ကြေညာတာမျိုး မရှိသေးသလို ဌာနဆိုင်ရာများနဲ့ ဖိအားပေးခံရသူတွေကလွဲရင် အများစုက စိတ်ဝင်စားမှု မရှိကြဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။