PRA တပ်ဖွဲ့ရဲ့ ၂ နှစ်ပြည့်မွေးနေ့ကို ဒေသတွင်းမဟာမိတ်ညီနောင်အဖွဲ့များနဲ့ စစ်ရေးပြ ကျင်းပခဲ့

0 2
0 2

မကွေး၊ မတ် ၂၈၊ ၂၀၂၃။

မကွေးတိုင်းအခြေစိုက် တပ်ဖွဲ့တခုဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို NUGအပါအဝင် ဒေသတွင်းမဟာမိတ်ညီနောင်အဖွဲ့ ၂၁ ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ အဖွဲ့တွေလည်း ရှိခဲ့ပါတယ်။

မတ်လ ၂၈ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၂ နှစ်ပြည့်အခမ်းအနားကို တပ်ရင်းမှာပဲ မဟာမိတ်တပ်ဖွဲ့ ရဲဘော်တွေနဲ့အတူ ဂုဏ်ပြုစစ်ကြောင်း၊ အင်အား ၁၀၀ ကျော်နဲ့ စစ်ရေးပြအခမ်းအနားပုံစံ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်က ဘာမှအခမ်းအနားရယ်လို့ မကျင်းပနိုင်ခဲ့ဘူး။ ရှေ့တန်းနယ်မြေမှာ ရောက်နေတယ်။ အကျဉ်းချုံးပြီးပဲ လုပ်နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ ရဲဘော်တွေ စိတ်အားတတ်ကြွစေဖို့အတွက်၊ နောက်တခုက မဟာမိတ်ချစ်ကြည်ရေး ပိုမိုဖော်ဆောင်နိုင်ဖို့ ရှိတဲ့အားလေးနဲ့ လှလှပပလေး ကျင်းပနိုင်ခဲ့တယ်” လို့ PRA စစ်ဦးစီးချုပ် ဟာကျူလီက မြေလတ်အသံကို ပြောပါတယ်။

ပြည်သူ့လွတ်လပ်ရေးတပ်တော်တာဝန်ခံ ကိုမိုးနေလ ကလည်း မဟာမိတ်ရဲဘော်တွေ ကိုယ်တိုင် စစ်ကြောင်းချီဂုဏ်ပြုပွဲမှာ ပါဝင်စစ်ချီခဲ့ပြီး ဒီ ၂ နှစ်ပြည့်အခမ်းအနားကနေ တပ်ဖွဲ့ တွေကြား စစ်ရေး၊ နိုင်ငံရေးကို အတူတကွဖော်ဆောင်ဖို့အတွက် စည်းလုံးညီညွတ်မှုတခုကို ပြသနိုင်ခဲ့လို့ ကျေနပ်အားရမိတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီ ၂ နှစ်ပြည့်အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသားလက်ရုံးတပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်၊ ပြည်သူ့တော်လှန်ရေးအင်အားစုနဲ့ CDF (Asho) တို့အပြင် အခြားအဖွဲ့တွေလည်း ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။

တပ်မွေးနေ့မရောက်ခင် ၁၅ ရက်လောက်အလိုကတည်းက ၂ နှစ်ပြည့်ပွဲအတွက် ရည်ရွယ်ကာ ခြင်းလုံးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ အမျိုးသမီးဖူဆယ်ပြိုင်ပွဲ၊ အခက်ခဲဖြတ်ကျော်ပြိုင်ပွဲ၊ ယူနီဖောင်းဝတ်ပြိုင်ပွဲတွေ ကျင်းပခဲ့ပြီး အဲ့ဒီပြိုင်ပွဲတွေကတော့ တပ်မွေးနေ့မတိုင်ခင် ပြီးစီးခဲ့ကာ ဆုပေးပွဲကျင်းပဖို့လည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။