myaelatt athan

Sharing Information to the Local

ကလေးမြို့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး လက်နက်တွေနဲ့ သုံ့ပန်း ၁ ဦးဖမ်းမိသိမ်းဆည်း

0 7
0 7

မြေလတ်အသံ၊ သြဂုတ် ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ၁၀ ရက်တာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သုံ့ပန်း ၁ ဦးနဲ့ လက်နက်ခဲယမ်းတွေကိုလည်း ဖမ်းမိသိမ်းဆည်းခဲ့တယ်လို့ သြဂုတ် ၂၄ ရက်ဒီကနေ့မှာ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

ကလေးမြို့ပေါ်ကနေ အင်အား ၁၂၀ ပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာခဲ့တာကြောင့် သြဂုတ် ၆ ရက်ကနေ ၁၅ ရက်အထိ ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ ဦးကို အရှင်ဖမ်းမိခဲ့ပြီး ရုပ်အလောင်း ၃ လောင်းနဲ့ MG 42 ၁ လက်၊ BA 100 ၁ လက်၊ MA 4 ၁လက်၊ MA E ၂လက်၊ MA 1 ၂လက်၊ MA 3 ၂လက်၊ G 3 ၁ လက်တို့ကို ကနဦး သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် MG 42 ပြောင်းပို ၂ ခု၊ RPG ဒုံးသီး ၅ ခု၊ ကျည်ဘောက်မျိုးစုံ ၂၄ ခု၊ ၄၀ မမ ဗုံးသီး ၁၂ လုံး၊ ၇.၆၂ ကပစကျည် ၁,၉၀၃ တောင့်၊ ၅.၅၆ ကပစကျည် ၁,၃၈၉ တောင့်၊ ၁၄ မိုင်း ၅ ခု၊ ၈၄ မမ မှန်ပြောင်း ၁ ခု၊ ၈၁ မမ မှန်ပြောင်း ၁ ခု၊ အီနာဂါ ဗုံးသီး ၁ ခု၊ ကျည်ကာဦးထုပ် ၁ လုံးတို့ကိုလည်း ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်မှာ တတက ၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ၊ စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၃ မှ ဗိုလ်ကြီး ၀င်းမင်းစိုး တို့ဦးစီးတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၅) အထူးလှုပ်ရှားတပ်ရင်း၊ အမှတ် (၆) အထူးလှုပ်ရှားတပ်ရင်း၊ ကလေးခရိုင် အမှတ် (၄) တပ်ရင်း၊ ကလေးခရိုင် အထူးစစ်ကြောင်း (PDF + ပကဖ)၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ PDF Zoland -Drone Team တို့က ပူး‌ပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။