မန္တလေးကျုံးထဲကို ဆေးကျောင်းသားလူငယ် ၁ ဦး ခုန်ချ

0 4
0 4

မန္တလေး၊ မတ် ၂၁၊ ၂၀၂၃။

မန္တလေးမြို့ကျုံးထဲကို မတ်လ ၂၁ ရက် ဒီကနေ့ မနက်အစော ၄ နာရီခန့်မှာ လူငယ် ၁ ဦး ခုန်ချသွားခဲ့လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ရတယ်လို့ မန္တလေးမြို့အခြေပြု လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အောင်မြေသာစံမြို့နယ်၊ ဥပုဒ်တော်ရပ်ကွက်၊ ၂၆ လမ်းနဲ့ ၇၇ လမ်းထောင့်က ကျုံးရေထဲကို ခုန်ချသွားခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးခဲ့ပေမယ့် သေဆုံးလျက် အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူက ဦးလေးတွေနဲ့နေတာလို့ သိရတယ်။ မိဘတွေက မိုးကုတ်မှာ။ သူ့ဦးလေးက သူ့အိမ်ကမထွက်သွားဖို့ အမြဲစောင့်ကြည့်နေရတာလို့ သိရတယ်။ မနက်က သူ့ဦးလေးက တချက်အိပ်ပျော်သွားတဲ့အချိန်မှာ သူကအိမ်ကထွက်သွားပြီး ကျုံးထဲ ခုန်ချသွားတာ” လို့ ပြောပါတယ်။

ကျုံးထဲခုန်ချသေဆုံးသွားသူဟာ ဟေမာဇလပ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုဇော်မျိုးထက် ဆိုသူဖြစ်ပြီး ဆေးတက္ကသိုလ်တက်ရောက်နေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ရုပ်အလောင်းကိုတော့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၅ ရက်နေ့ကလည်း မင်္ဂလာတံတားအနောက်ဘက် ကျုံးရေထဲကို အမျိုးသား ၁ ဦး ခုန်ချသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။