ပျူအများအပြားရှိရာ ရွာကိုဝင်တိုက်ချိန် လက်နက်ကြီးနဲ့ပစ်လို့ ဆုတ်ခွါခဲ့ရ

ပေါက်၊ မတ် ၂၀၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက၊ သရော်ကိုင်းရွာထဲက ပျုတွေရှိရာနေရာကို မတ်လ ၂၀ ရက် ဒီကနေ့မနက်ပိုင်းက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

နံနက် ၅ နာရီ ၄၀ မိနစ်လောက်ကစပြီးတော့ သရော်ကိုင်းရွာက ပျူတွေကို လက်နက်ငယ်တွေနဲ့ပစ်ခဲ့တာဖြစ်ပြီး ရွာကို ကပ်နိုင်ခါနီးအချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြလို့ နောက်ဆုတ်ခဲ့ရတာလို့ ဆိုပါတယ်။

“ပျူစောထီးအင်အား ၅၀ လောက်ကို လက်နက် ၄၀ လောက် ချပေးထားတာ။ အဲဒီရွာကို ဝင်တိုက်တာမှာ သူတို့က ကားလမ်း၊ လှည်းလမ်းတွေ အကုန်ဖျက်ထားတယ်။ ချဉ်းကပ်တာမှာ ရဲဘော် ၂ ယောက် နင်းမိုင်းနင်းမိတယ်။ ကျနော်တို့အင်အားတော်တော်များများနဲ့ သရော်ကိုင်းကို ကပ်နိုင်တဲ့အချိန်မှာ ချောင်းကူးဘက်ကနေ စစ်**တွေက လက်နက်ကြီး ၁၂၀ မမ နဲ့ ၆ လုံးလောက် ပစ်ကူပေးတော့ ထိခိုက်မှုများမှာကြောင့်လို့ ပြန်ဆုတ်ခွာခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာက ပြောပါတယ်။

သရော်ကိုင်းရွာမှာ စစ်သား၊ ရဲသား ၂၅ ဦး ရှိပြီး ပျူက ၅၀ လောက်ပဲ ရှိကာ တချို့ပြည်သူတွေကိုကြတော့ ရွာထဲက လုံးဝအထွက်မခံတော့ဘူးလို့ ထပ်မံဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက် ညနေပိုင်းမှာလည်း ပေါက်မြို့ သနက်ပင်ရွာက ထွက်လာတဲ့ အင်အား ၈၀ ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ပကဖ အဖွဲ့က မြိုင်မြို့နယ်၊ ကန်နက်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။