မင်းလှမှာ ဆိုင်းအဖွဲ့ကားတိမ်းမှောက်လို့ ၁၃ ဦးဒဏ်ရာရ

0 5
0 5

မင်းလှ၊ မတ် ၁၉၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ ဂင်ဒိတ်ကုန်းရွာထိပ်၊ ရန်ကုန် – ပြည်လမ်းမ မိုင်တိုင် ၁၀၁/၃ နဲ့ ၁၀၁/၄ အကြားမှာ ဆိုင်းအဖွဲ့ကားတစီး တိမ်းမှောက်သွားတဲ့အတွက် ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆိုင်းအဖွဲ့သားတွေလိုက်ပါလာတဲ့ အဲ့ဒီကားဟာ ရန်ကုန်ကနေ ပေါင်းတည်မြို့ဘက်ကိုမောင်းလာရာ မတ်လ ၁၉ ရက်ဒီမနက် ၆ နာရီဝန်းကျင်က ကားနောက်ဘီးကျွတ်ပြီး လမ်းဘေးရေမြောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးကပြောပါတယ်။

“ကားက မောင်းလာရင်းကနေ နောက်ဘီးကျွတ်ထွက်ပြီး ရေမြောင်းထဲကျသွားတာ။ ဆိုင်းအဖွဲ့သားတွေလိုက်ပါလာတာတော့ အယောက် ၂၀ ကျော်လောက်ရှိမယ်။ ဆိုင်းပစ္စည်းတွေလည်းပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကတော့ စိုးရိမ်ရသူမရှိပါဘူး”လို့ ပြောပါတယ်။

ကားတိမ်းမှောက်တာကြောင့် ကားပေါ်ပါ အမျိုးသား၊ အမျိုးသမီး ၁၃ ဦးဒဏ်ရာရခဲ့ပြီး၊ ဆိုင်းပစ္စည်းအချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မီးသတ်တပ်ဖွဲ့၊ ဒေသလူမှုကူညီရေးအသင်းတွေက ဝိုင်းဝန်းကူညီပြီး မင်းလှဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်းအဖွဲ့ကားဟာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်က ခေတ်သစ်ဇော်ဇော်ဗိုလ် လက်ရွေးစင်ဆိုင်းအဖွဲ့သားတွေ လိုက်ပါလာတဲ့ကားဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။