27 July 2026 2:06 AM

နယ်မြေမအေးချမ်းလို့ ခိုကိုးရာမဲ့သက်ကြီးရွယ်အိုတွေကို ထပ်မံကူညီဖို့ ရပ်ဆိုင်း

0 4
0 4

ပေါက်၊ မတ် ၁၉၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရှားပင်ရေကျေးရွာ၊ သာယာအေးဓမ္မရိပ်သာ ခိုကိုးရာမဲ့ ဘိုးဘွားစောင့်ရှောက်ရေးကျောင်းမှာ စောင့်ရှောက်သူမရှိတဲ့ အဘိုးအဘွားတွေကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပြီး၊ နယ်မြေမအေးချမ်းတဲ့အချိန်မှာ ခေတ္တရပ်ထားရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကူညီမှုငွေကြေးအခက်အခဲမရှိပေမယ့် နယ်မြေမအေးချမ်းမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး သွားရောက်ခေါ်ယူစောင့်ရှောက်မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ ဆရာတော်ဦးပညာသေဌက မိန့်ကြားပါတယ်။

“နေရာဒေသမရွေးက လာပို့တဲ့ အဘိုးအဘွားတွေကို ရာသက်ပန်စောင့်ရှောက်ပေးတာပါ။ ဒီကျောင်းမှာ နေဖို့စားဖို့ဝတ်ဖို့ တရားအားထုတ်ဖို့ အကုန်လုပ်ပေးပါတယ်။ သူတို့ဘဝတသက်တာအတွက် ကံမကုန်ခင်အချိန်မှာ သက်တောင့်သက်သာနဲ့ စိတ်အေးချမ်းစွာ နေနိုင်ဖို့အတွက် ရည်ရွယ်ပြီး၊ အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေပါတယ်” လို့ ဆရာတော်ကမြေလတ်အသံကို မိန့်ကြားပါတယ်။

သာယာအေးဓမ္မရိပ်သာကျောင်းမှာ ဆွေမျိုးမိသားစုစောင့်ရှောက်သူမရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၃၈၀ ခု၊တန်ဆောင်မုန်းလဆန်း)က စတင်လက်ခံစောင့်ရှောက်ခဲ့ပြီး၊ နယ်ပယ်ကန့်သတ်ထားတာမျိုးမရှိဘဲ၊ လက်ခံစောင့်ရှောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ခိုကိုးရာမဲ့ဘိုးဘွားစောင့်ရှောက်ရေးကျောင်းမှာ အဘိုးအဘွား ၁၂ ဦးရှိခဲ့ရာ ၅ ဦးမှာ လူကြီးရောဂါကြောင့် နာမကျန်းဖြစ်ကာ သေဆုံးသွားခဲ့ပြီး၊ ယခု ၇ ဦးသာ ကျန်ရှိကာ ရန်ကုန်၊ စစ်ကိုင်း၊ ကလေး၊ ဂန့်ဂေါနယ်တွေက အဘိုးအဘွားတွေ ပါရှိခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။