myaelatt athan

Sharing Information to the Local

မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ် ၄ လုံးမီးလောင်

ကျောက်ဆည်၊ မတ် ၁၇၊ ၂၀၂၃။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ငါးဆူကျေးရွာမှာ မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၇ ရက်မနက် ၈ နာရီခန့်မှာ ငါးဆူကျေးရွာနေ ဦးစိုးသန်းနေအိမ်ရှိ မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးလောင်ရာမှာ နေအိမ်တွေကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့အိမ်မှာက တီဗီဖွင့်တဲ့အခါသုံးတဲ့ မီးအားမြှင့်စက်ပေါ့။ အဲ့ကနေ အပူလွန်ကဲပြီး မီးစလောင်တာကနေ ဘေးအိမ်တွေပါ ကူးကုန်တာ။ အိမ်တွေက ပျဥ်ထောင်အိမ်တွေ။ အိမ်ချင်းတွေကလည်း ကပ်နေတာဆိုတော့ မီးကူးမြန်သွားတာ။ လူထိခိုက်သေဆုံးတာတော့မရှိဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

မီးလောင်လို့ မီးဘေးသင့်အိမ်ထောင်စု ၄ စုက လူဦးရေ ၁၉ ဦးကို ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင်ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာမှာ မီးလောင်မှုဖြစ်ခဲ့လို့ လူနေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။