27 July 2026 1:29 AM

ပဲခူးစစ်ကောင်စီဘုရားပွဲကို သွားမယ့်ပြည်သူတွေ အညာကပြည်သူတွေကိုအားနာဖို့ ပကဖ အသိပေး

0 4
0 4

ပုလဲ၊ မတ် ၁၆၊ ၂၀၂၃။

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားပွဲကို လာမယ့်မတ်လ ၂၀ ရက်နေ့ကနေ စတင်ပြီး စစ်ကောင်စီကကျင်းပပြုလုပ်မှာဖြစ်ကာ အဲ့ဒီဘုရားပွဲကို ပြည်သူတွေ အသိဥာဏ်နဲ့ယှဥ်ပြီး သွားလာကြဖို့ ပဲခူး ပကဖ က အသိပေးပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပဲခူးတိုင်းအတွင်း အေးချမ်းသာယာပြီးထိန်းချုပ်ထားနိုင်တဲ့ အခြေနေရှိပြီဆိုတာ ပြသချင်တာဖြစ်လို့ ဘုရားပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပပြုလုပ်ဖို့ စီစဥ်နေတာဖြစ်တယ်လို့ ပဲခူးမြို့ နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

“ပဲခူးတိုင်း စကစဝန်ကြီးချုပ်က သူ ပဲခူးကို ထိန်းချုပ်ထားနိုင်ပြီဆိုပြီး ပြသချင်တာဖြစ်တယ်။ ခုလည်း ရွှေမော်ဓောဘုရားပွဲလုပ်ဖို့ စီစဥ်နေတယ်။ ပြည်သူတွေထဲမှာ ပဲခူးဘုရားပွဲဆိုတာနဲ့ သွားကြမယ်ဆိုပြီး မြင်နေတယ်။ သွားမယ့်သူတွေကိုလည်း အပြစ်မတင်ဘူး။ ဒီကာလမှာ ကိုယ်စိတ်မွန်းကြပ်နေတာဖြစ်လို့ ခဏတာထွက်ပေါက်ရဖို့ အပျော်အပါးဆို သွားလာကြမှာပဲ။ ဒါပေမယ့် ခုအချိန်မှာ တိုင်းပြည်ဒုက္ခရောက်နေချိန် ပွဲလမ်းသဘင်လုပ်ရမယ့်အချိန်၊ သွားလာရမယ့်အချိန် မဟုတ်ဘူး” လို့ ပြောပါတယ်။

ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ အများပြည်သူ သွားလာနေတဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာမဟုတ်ဘဲ စစ်ကောင်စီထောက်တိုင်တွေနဲ့ စစ်ကောင်စီနေရာတွေကိုသာ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေအနေနဲ့က သွားလာမယ်ဆိုရင် ခုအချိန်ဟာ တိုင်းပြည်က ငြိမ်းချမ်းနေရဲ့လား။ အပျော်တွေနဲ့ သွားနေလို့ သင့်တော်ရဲ့လား။ နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကို ခုလိုလုပ်နေလို့ ပြောင်းလဲနိုင်ရဲ့လား။ ခုဘုရားပွဲကိုတော့ ကျနော်တို့ဘက်က ထိခိုက်အောင်မလုပ်ဘူး။ တစ်ခုပဲ ကျနော်အမြင်အရပြောမယ်ဆိုရင် ပဲခူးကပြည်သူတွေက အညာကပြည်သူတွေကို အားနာပါလို့ ပြောချင်တယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက ပဲခူးရွှေမော်ဓောဘုရားပွဲကို လာမယ့် မတ်လ ၂၀ ရက်နေ့ကနေ ဧပြီလ ၁၈ ရက်နေ့ထိ ရက် ၃၀ ကျင်းပသွားမယ်လို့ ကြော်ငြာထားပြီး ဘုရားပွဲအတွင်း ပွဲလမ်းဇာတ်သဘင်တွေကို မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ ၁၀ ရက် ထည့်သွင်းကျင်းပပြုလုပ်မယ်လို့ ဆိုပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။