ပေါင်းတည်မြို့ ရဲစခန်းရှေ့မှာ ကိုဖုန်းမော်နေ့ လှုပ်ရှားမှုပြုလုပ်

0 4
0 4

ပေါင်းတည်၊ မတ် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်၊ ပေါင်းတည်မြို့ ပန်းခြံမှာ ကိုဖုန်းမော်နေ့ အမှတ်တရ လူထုလှုပ်ရှားမှုကို မတ်လ ၁၃ ရက် ဒီကနေ့မနက် ၁၁ နာရီမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပေါင်းတည်၊ ရန်ကုန် – ပြည်လမ်းပေါ်က ရဲစခန်းရှေ့ ငြိမ်းချမ်းရွှေတည် ပြည်သူ့ပန်းခြံထဲမှာ နှင်းဆီနီ လူထုလူပ်ရှားမူအဖြစ် ပြုလုပ်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ငါတို့အစိုးရ ငါတို့ပြန်ပေး၊ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေး စာတန်းတွေပါတဲ့ တီရှပ်အင်္ကျီတွေ ဝေငှခဲ့ကြသလို ပန်းခြံထဲက ခုံတွေနဲ့ အလှပန်းပင်တွေပေါ်မှာလည်း ချိတ်ဆွဲခဲ့တာ ဖြစ်ပါတယ်။

စက်မှုကျောင်းသား ကိုဖုန်းမော် အပါအဝင် ခေတ်အဆက်ဆက်နဲ့ နွေဦးတော်လှန်ရေးအတွင်း ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့ကို အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ၇/အဖွဲ့က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

စာတည်း – 007

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။