လှေဆိပ်မှာ ဆက်ကြေးကောက်နေတဲ့ တပ်ကြပ်ကြီး ပစ်သတ်ခံရ

0 4
0 4

ရွှေကျင်၊ မတ် ၁၃၊ ၂၀၂၃။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်မှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

မတ်လ ၁၂ ရက်နေ့လည် ၁၂ နာရီခန့်မှာ ခမရ ၅၉၈ မှ အသက် ၅၀ နှစ်အရွယ် တပ်ကြပ်ကြီး ဦးငပေါက် ဆိုသူကို ဆပ်ကြေးကောက်တဲ့နေရာမှာ အလစ်ဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ Soul Takers – Yangon Underground Force မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ဘက်က ပစ်ခတ်ချိန်မှာ သူတဦးတည်းကို တွေ့ရတယ်။ သူက လှေတွေဆီကနေ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေကြပါ။ အဲ့လှေဆိပ်မှာက သူ့ကိုလူတိုင်းသိကြတယ်။ ကျနော်တို့ဘက်က အလစ်တိုက် အမြန်ပြန်ထွက်လုပ်ရတာ ဖြစ်တယ်။ သူဘက်က ခုခံချိန်မရလိုက်ဘူး” လို့ ပြောပါတယ်။

အဲ့ဒီတပ်ကြပ်ကြီးဟာ အများအားဖြင့် သူ့ရဲ့အဖွဲ့တွေနဲ့ ဆက်ကြေးကောက်လေ့ရှိပြီး၊ ပစ်ခတ်ခံရချိန်မှာတော့ တဦးတည်း ရှိနေတာလို့လည်း ဆိုပါတယ်။

ခုလိုပစ်ခတ်မှုကြောင့် နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ သူ့ဆီကနေ သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံ ၅၄ တောင့်ကို သိမ်းဆည်းရခဲ့တယ်လို့ အထက်ပါပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်ခံရပြီးနောက် အဲ့ဒီနေရာကို စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး လှေဆိပ်အနီး ပိတ်ဆို့ရှာဖွေတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရွှေကျင်မြို့နယ်၊ ရေအေးမြောင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ဆန်းလင်း ဆိုသူကို ဒေသခံကာကွယ်ရေးတပ်တွေက သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။