31 July 2026 11:53 AM

စေတုတ္တရာမှာ အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေချင်းဝတ်ပြတ်ဒဏ်ရာရ

0 31
0 31

စေတုတ္တရာ၊ သြဂုတ် ၁၀၊ ၂၀၂၅။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မကြီးစုကျေးရွာက အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

သြဂုတ် ၈ ရက် မနက်ပိုင်းမှာ မကြီးစုကျေးရွာအရှေ့တောင်ဘက် စေတုတ္တရာ-စလင်းလမ်းပိုင်းမှာ မကြီးစုရွာက အမျိုးသားတဦး မိုင်းနင်းမိတာလို့ ဆိုပါတယ်။

“စလင်း-စေတုတ္တရာလမ်းဘေးလို့တော့ သိရတယ်။ (မိုင်းနင်း)မိတဲ့နေရာအတိအကျ မသိရသေးပါဘူး။ ပြည်သူက တောထဲမျှစ်ချိုးသွားတာလား ဘာလဲတော့မသိဘူးဗျ။ ၈ ရက်နေ့က မိုင်းကွဲသံတော့ ကျနော်တို့ဘက်က ကြားတယ်။” လို့ စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးတယ်လီဂရမ် News Of Myanmar ရဲ့ထုတ်ပြန်ချက်အရ မိုင်းနင်းမိသူ မကြီးစုရွာသား အသက် ၆၀ အရွယ် ဦးကြည်စိုး ဟာ PDF တွေထောင်ထားတဲ့ မိုင်းကိုနင်းမိလို့ ဒဏ်ရာရရှိကာ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း စွပ်စွဲဖော်ပြထားပြီး ဓာတ်ပုံအရ မိုင်းနင်းမိသူဟာ ဘယ်ဘက်ခြေချင်းဝတ်ကနေ ပြတ်ထွက်ဒဏ်ရာရရှိတာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေစိုးမိုးထားတဲ့နယ်မြေဖြစ်တဲ့ မကြီးစုကျေးရွာဟာ ကျွန်းတော စစ်ကောင်စီစခန်းနဲ့ မိုင်ဝက်လောက်ကွာဝေးကာ စေတုတ္တရာ-စလင်းလမ်းမပေါ်ကိုလည်း တော်လှန်ရေးတပ်တွေမလာနိုင်အောင် စစ်ကောင်စီဘက်က မိုင်းတွေထောင်ထားတာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

“မကြီးစုရွာက စကစ စိုးမိုးနယ်မြေပါ။ ကျနော်တို့ မကပ်နိုင်သေးပါဘူး။ ကျနော်တို့က မကြီးစုရွာရဲ့ အရှေ့ဘက် ၁ မိုင်လောက်ဝေးတဲ့ ငါးမ၊ သံဆယ် စိုးမိုးထားတယ်ပေါ့။ အဲ့မှာ မကြီးစုနဲ့ ငမရွာကြားမှာ ကာမိုင်းတွေ ခင်းထားတယ်ပေါ့။ စကစက ကျနော်တို့ကို စေတုတ္တရာ- စလင်း လမ်းမပေါ် တက်လာမှာကို ကာတဲ့အနေနဲ့ သူတို့ဘက်ကထောင်ထားတဲ့မိုင်းလို့ ယူဆရပါတယ်”လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မကြီးစုကျေးရွာအနီး နယ်မြေလေ့လာရေးသွားချိန် မိုင်းနင်းမိပြီးခြေထောက်ဖြတ်ခဲ့ရသလို ငါးမကျေးရွာက ဒေသခံ ၁ ဦးလည်း အဲ့ဒီလပိုင်းမှာပဲ မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အဲ့ဒီလိုမိုင်းနင်းမိတဲ့ဖြစ်စဥ်တွေဖြစ်နေတာကြောင့် ဇူလိုင်လပိုင်းမှာ စေတုတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မကြီးစုကျေးရွာအနီး ငါးမရွာလမ်းပိုင်းကို အသုံးမပြုကြဖို့ သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။