myaelatt athan

Sharing Information to the Local

ဝမ်ပေါင်တရုတ်စီမံကိန်းက ကြေးနီတွေကို ရေကြောင်းကထပ်မံသယ်ယူနေ

ဆားလင်းကြီး၊ သြဂုတ် ၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်စီမံကိန်း တရုတ်ကုမ္ပဏီ ၁ ခုဖြစ်တဲ့ ဝမ်ပေါင် ကုမ္ပဏီကကြေးနီတွေကို စစ်ကောင်စီတပ်က ချင်းတွင်းမြစ်ကြောင်းကနေ ထပ်မံသယ်ယူနေတယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။

ကြေးနီပြားတွေကို သြဂုတ် ၄ ရက်ကစတင်ကာ ချင်းတွင်းမြစ်အနောက်ဖက် ထန်းတော ဇက်ဆိပ်ကနေတဆင့် တင်ဆောင်နေကာ သယ်ယူရာလမ်းကြောင်းဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီမှ ထန်းတော ဇက်ဆိပ်အထိကိုလည်း စစ်ကောင်စီစစ်တပ်သားနဲ့ ရဲ ၁၀၀ နီးပါးကို လုံခြုံရေးထားရှိထားတယ်လို့ ဆိုပါတယ်။

“ဖလက်တွေဆန်လာတုန်းက ၁၁ စီး၊ အခွန် ၄ စီးပါတယ်၊ အခြားဖလက်တွေကို မိုးကာနဲ့အုပ်ထားတော့ ဘာတွေတင်လာမှန်းမသိရဘူး၊ အဲ့ဒီပစ္စည်းတွေသွင်းပြီး ကြေးပြားတွေသယ်နေတာ ၃ ရက်ရှိနေပြီ”လို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ကြေးနီပြားတွေတင်တဲ့ ဖလက်ခွန်တွေဟာ သြဂုတ် ၂ ရက်က မုံရွာမြို့ကို စတင်ရောက်ရှိကာ ချင်းတွင်းတံတားအနီးမှာ ဆိုက်ကပ်ထားတာဖြစ်ပြီး ကြေးနီတွေကို ဝမ်ပေါင်ကုမ္ပဏီမှ ထန်းတောဇက်ဆိပ်အထိ ကုန်းလမ်းကသယ်ဆောင်ကာ အဲ့ဒီကတဆင့် ဖလက်ခွန်တွေဆီကို သယ်ပို့နေတာလည်းဖြစ်ပါတယ်။

ချင်းတွင်းမြစ်အထက်သို့ ဆန်တက်လာတဲ့ အဆိုပါ ဖလက် ၁၁ စီးကို သြဂုတ် ၂ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ရေပိုင်နက်တနေရာမှာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကလည်း အဆိုပါဝမ်ပေါင်ကုမ္ပဏီက ကြေးနီတွေကို ထန်းတောဇက်ဆိပ်က တဆင့် လုံခြုံရေးအများအပြားယူကာ စစ်ကောင်စီသင်္ဘောတွေနဲ့သယ်ယူခဲ့ပါသေးတယ်။

ခုလိုရေလယ်ကြောင်းကသယ်ယူနေတာဟာ ကုမ္ပဏီအတွက် သယ်ယူစရိတ်ကုန်ကျမှုများပေမယ့် ကုန်းကြောင်းလောက်အန္တရာယ်မများဘဲ လွယ်ကူစွာသယ်ယူနိုင်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောဆိုခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။