ပြတ်ကျတဲ့ဓါတ်ကြိုး လည်ပင်းလာထိလို့ အမျိုးသား ၁ ဦးဓါတ်လိုက်သေဆုံး

0 38
0 38

တောင်ငူ၊ ဩဂုတ် ၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၁၈ ရပ်ကွက်၊ မီးရထားဝန်းအတွင်းမှာ ပြတ်ကျတဲ့ဓါတ်ကြိုးက လည်ပင်းကိုထိပြီး အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၅၃ နှစ်အရွယ် ဦးကျော်သောင်းဆိုသူဖြစ်ပြီး ဩဂုတ် ၁ ရက်မနက် ၆ နာရီခန့်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ဓာတ်လိုက်ပြီး သေတာ။ ကုက္ကိုင်ပင်က လဲသွားတာ ဓာတ်ကြိုးပေါ်လဲကျတယ်။ သူက လမ်းလျှောက်နေတာ။ ဓာတ်ကြိုးက လည်ပင်းကိုထိတာ။ မိုးရွာနေတဲ့ အချိန်မဟုတ်ဘူး။ ကုက္ကိုင်ပင်က အခြောက်ကြီး။ “လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဓာတ်ကြိုးပြတ်ကျချိန်မှာ မီးလာနေတဲ့အတွက် လျှပ်စီးဓါတ်ဝင်ပြီး ဦးကျောင်သောင်းရဲ့ လည်ပင်းနဲ့ ရင်ဘတ်တို့မှာ ဓါတ်လိုက်ကာမီးလောင်ကျွမ်းဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

သေဆုံးသူရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းက ကောက်ယူပြီး တောင်ငူ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၅ ရက်ကလည်း တောင်ငူမြို့၊ အမှတ် ၁၈ ရပ်ကွက်မှာ ငွေလှိုင်အပိုင်းရှိ သရက်ပင်တက်ခုတ်တဲ့ အမျိုးသား ၁ ဦး ပြုတ်ကျသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။