myaelatt athan

Sharing Information to the Local

မတ္တရာမှာ စစ်အုပ်စုနဲ့ PDF နှစ်ရက်ဆက်တိုက်ပွဲဖြစ်

0 5
0 5

မတ္တရာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲကိုတပ်လာစွဲတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ ထိတွေတိုက်ပွဲဖြစ်ခဲ့ကြပါတယ်။

မတ္တရာမြို့နယ်၊ ပိုဝတောင်ရွာမှာ အင်အား ၄၀ လောက်နဲ့တပ်လာစွဲတာကို ကာကွယ်ရေးတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်အပါအဝင် ဒရုန်းအသုံးပြုပြီး ဗုံးသီး အလုံး ၂၀ လောက်သုံးပြီးတိုက်ခိုက်ခဲ့တဲ့အပြင် စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ Unicorn ပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

“စစ်တပ်က ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ညနေကတည်းက ဝင်လာတာပါ။ ကျနော်တို့ပူးပေါင်းအဖွဲ့က၂၁ ရက်မနက်ကတည်းက စတိုက်တာပါ။ ၂၃ ရက်မနက်အစောကြီးမှာတော့ စစ်တပ်ကပိုဝတောင်ရွာကနေ သဖန်းဒေါင့်ရွာဘက်ကို ဆက်ထွက်သွားတယ်၊ ဒီကောင်တွေက ဒရုန်းရန်ကြောက်တော့ နေ့ခင်းဖက်မထွက်ရဲဘူးလေ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေအခြေအနေတွေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အပြန်အလှန်တိုက်ခိုက်နေချိန်အတွင်း ပိုဝတောင်ရွာက နေအိမ် ၂လုံး၊ ဆိုင်ကယ်တစီးပျက်စီးခဲ့ပြီး နွား၂ ကောင်လည်း ထိခိုက်မှုတွေရှိခဲ့ကာ၊ တိုက်ခိုက်မှုအပြီး နယ်မြေရှင်းလင်းစဥ်မှာတော့ စစ်တပ်ကအသုံးပြုတဲ့ ၅.၅၆ ကျည် ၁၂ တောင့်၊ ၉ မမ ကျည် ၂ တောင့်သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု၊ ADRF၊ ABRF၊ မိုးကြိုးပြောက်ကျားနဲ့ Unicorn Guerrilla Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၇ ရက်ကတော့ သူတို့အဖွဲ့ဟာ စစ်တပ်နဲ့ပေါင်းနေတဲ့မတ္တရာမြို့ပေါ်က ရွှေပြည်အညာ KTVကို လုပ်ငန်းရပ်နားဖို့ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ် အသံဗုံးသီးကြဲကာ သတိပေးတိုက်ခိုက်ခဲ့ပါသေးတယ်။

မြေလတ်ဒေသနဲ့နီးစပ်တဲ့ မန္တလေးတိုင်းအတွင်းက မန္တလေး၊ မြင်းခြံနဲ့ နွားထိုးကြီးစတဲ့မြို့တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ထောက်တိုင်တွေကို ဒေသခံကာကွယ်ရေးတပ်တွေက နေ့စဥ်ဆိုသလို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။